၂၀၂၃ ခုနှစ်၊ ဩဂုတ်လ(၂၅)ရက်နေ့တွင် စံချိန်စံညွှန်းများအသုံးချနိုင်ရေး အသိပညာပေးဆွေးနွေးပွဲကို ရန်ကုန်မြို့ရှိ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဉီးစီးဌာန၊ စုဝေးခန်းမတွင် ကျင်းပ ခဲ့ပြီး ဆွေးနွေးပွဲသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးမှ တက်ရောက်အဖွင့်မိန့်ခွန်း ပြောကြား ခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်နှင့် ပါမောက္ခချုပ်များ၊ သက်ဆိုင်ရာဝန်ကြီးဌာန၊ ဉီးစီးဌာနများမှ ကိုယ်စား လှယ်များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် နှင့် ညီနောင်အသင်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါဆွေးနွေးပွဲတွင် သုတေသနနှင့်တီထွင်ဆန်းသစ်မှုဉီးစီးဌာန၊ အမျိုးသားစံချိန်စံညွှန်းနှင့်အရည်အသွေးဌာနမှ “အမျိုးသား အရည်အသွေးအခြေခံ အဆောက်အအုံခိုင်မာ အားကောင်းစေရေးဆောင်ရွက်မှုများ”အားလည်းကောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဉီးစီးဌာနမှ “စိုက်ပျိုးရေးအခြေခံ ထုတ်ကုန် စံချိန်စံညွှန်းရေးဆွဲရေးနည်းပညာဆပ်ကော်မတီမှ ချမှတ်ထားသော မြန်မာစံချိန်စံညွှန်းများနှင့် စံချိန်စံညွှန်းအကျဉ်းချုပ်” အားလည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဉီးစီးဌာနမှ “စိုက်ပျိုးထုတ်လုပ်မှု ဆိုင်ရာ စံချိန်စံညွှန်းရေးဆွဲရေးနည်းပညာဆပ်ကော်မတီမှ ချမှတ်ထားသော မြန်မာစံချိန်စံညွှန်းများနှင့် စံချိန်စံညွှန်းအကျဉ်းချုပ်” အားလည်းကောင်း အသီးသီး ဆွေးနွေးတင်ပြခဲ့ကြပါသည်။
Awareness seminar on the use of standards