တန်ဖိုးကွင်းဆက် တလျောက် ထုတ်ကုန်၏ အရည်အသွေး မြှင့်တင်ရန် လိုအပ်ချက်များအား စိစစ်လေ့လာခြင်း နည်းစဉ်ဆိုင်ရာ နောက်ဆက်တွဲ အကောင်အထည်ဖော်သည့် အလုပ်ရုံဆွေးနွေးပွဲ များဖြစ်သော Intervention Area 4 ‘QI’ နှင့် Intervention Area 3 ‘Demand Condition’ ဆွေးနွေးပွဲများအား သုတေသနနှင့်တီထွင်ဆန်းသစ်မှု ဦးစီးဌာန၊ အစည်း အဝေးခန်းမ၌ ၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀) ရက်နေ့တွင် ကျင်းပပြုလုပ်ခြင်း။
ပညာရေးဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ(၂၀)ရက်နေ့တွင် နှမ်း၏ တန်ဖိုးကွင်းဆက်တလျောက်တွင်ရှိသော အရည်အသွေးအား မြှင့်တင်နိုင်ရန်အတွက် CALIDENA Follow up Workshop များဖြစ်သော “နယ်ပယ်၄-အရည်အသွေး အခြေခံအဆောက်အအုံဆိုင်ရာဝန်ဆောင်မှုများ” အလုပ်ရုံဆွေးနွေးပွဲအား နံနက်ပိုင်းတွင်လည်းကောင်း၊ “နယ်ပယ်၃-ဝယ်လိုအားအခြေအနေ” အလုပ်ရုံဆွေးနွေးပွဲအားနေ့လည်ပိုင်းတွင်လည်းကောင်း ကျင်းပခဲ့ ပါသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲများသို့ အမျိုးသားစံချိန်စံညွှန်းနှင့်အရည်အသွေးဌာန(NSQD)၊ အမျိုးသား ဓါတ်ခွဲခန်း (NAL)၊ မကွေးမြိုနယ်ရှိနှမ်းကုန်သည်များအသင်း၊ မြန်မာသစ်သီးဝလံစိုက်ပျိုး ထုတ်လုပ်သူများအသင်း၊ မြန်မာစားသုံးသူများသမဂ္ဂ ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနများမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ပုဂ္ဂလိကအဖွဲ့အစည်းများ၊ PTB၊ GIZ မှ ကျွမ်းကျင်ပညာရှင်များ စုစုပေါင်း(၂၅) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

နယ်ပယ် ၄-အရည်အသွေးအခြေခံအဆောက်အအုံဆိုင်ရာ ဝန်ဆောင်မှုများ

နယ်ပယ် ၃ – ဝယ်လိုအားအခြေအနေ အလုပ်ရုံဆွေးနွေးပွဲ