စံချိန်စံညွှန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသားစံချိန်စံညွှန်းကောင်စီဥက္ကဋ္ဌနှင့် နည်းပညာဆပ် ကော်မတီဥက္ကဋ္ဌများ၏ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ပြည်ထောင်စု ဝန်ကြီးမှ ကြီးမှူး၍ ၂၀၂၁ခုနှစ်၊ဒီဇင်ဘာလ (၂၁)ရက်နေ့တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ ရုံးအမှတ်(၂၁)၊နေပြည်တော်၌ (Hybrid Mode)ဖြင့်ကျင်းပပြုလုပ်ခဲ့ရာ ဆွေးနွေးပွဲတွင် အမျိုးသား စံချိ်နစံညွှန်းကောင်စီဥက္ကဋ္ဌဖြစ်သည့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးမှ တက်ရောက် အမှာစကားပြောကြားခဲ့ပြီး သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ အစည်း အဝေးပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့သည့်အပြင် အဆိုပါအစည်းအဝေးသို့ သက်ဆိုင်ရာနည်းပညာဆပ်ကော်မတီ(၂၅)ခုမှ ဥက္ကဋ္ဌနှင့်အတွင်းရေးမှူးများတက်ရောက်၍ နည်းပညာ ဆပ်ကော်မတီအသီးသီးမှ စံချိန်စံညွှန်းရေးဆွဲမှုအခြေအနေများ၊ ရှေ့ဆက်လုပ်ဆောင်မည့်လုပ်ငန်း စဉ်များနှင့် လက်ရှိကြုံတွေ့နေရသည့်အခက်အခဲများကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးတင်ပြခဲ့ကြပြီး အမျိုးသားစံချိန်စံညွှန်းကောင်စီမှ နည်းပညာဆပ်ကော်မတီများသို့ လိုအပ်သော အထောက်အပံ့များ ပေးရန် အကြောင်းအရာများကိုလည်း တက်ရောက်လာသူစုစုပေါင်း လူဦးရေ(၅၀)ခန့်မှ အားတက် သရော ပါဝင်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပါသည်။