အမျိုးသားအဆင့်အရည်အသွေးဆိုင်ရာ အခြေခံအဆောက်အအုံ ခိုင်မာအားကောင်းစေရေးနှင့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနရှိ နည်းပညာနှင့်ကွန်ပျူတာတက္ကသိုလ်များတွင် သုတေသနလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်ချက်ဖြင့်၂၀၂၅ခုနှစ်၊ဇန်နဝါရီလ(၇)ရက်နေ့မှ(၁၁)ရက်နေ့အထိ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ပေကျင်းမြို့သို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဒေါက်တာအောင်ဇေယျ ဦးဆောင်သည့် အဖွဲ့ဝင်(၈)ဦးပါ မြန်မာကိုယ်စားလှယ်အဖွဲ့သည် The State Administration for Market Regulation – SAMR ရှိ တရုတ် ပြည်သူ့သမ္မတနိုင်ငံ၏ စံချိန်စံညွှန်းသတ်မှတ်ခြင်းဆိုင်ရာ အုပ်ချုပ်မှုအဖွဲ့ နှင့် သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန(DRI)တို့အကြား ရေးထိုးပြီးသည့် နားလည်မှုစာချွန်လွှာ (MOU)အရ ဆက်လက်အကောင်အထည်ဖော်မည့် လုပ်ငန်းများဆောင်ရွက်ရန်နှင့် စံချိန်စံညွှန်း သတ်မှတ်ရေးနယ်ပယ်တွင် သတင်းအချက်အလက်ဖလှယ်ရယူရန်နှင့်စပ်လျဉ်း၍ တွေ့ဆုံ ဆွေးနွေးခြင်း များအပြင် China National Accreditation Service for Conformity Assessment – CNAS တွင် အသိအမှတ်ပြုခြင်းဆိုင်ရာ နယ်ပယ်အတွက် နားလည်မှုစာချွန်လွှာအသစ် ရေးထိုးနိုင်ရေး ဆွေးနွေးခြင်း National Institute of Metrology – NIM(China) တွင် နားလည်မှုစာချွန်လွှာ (MOU)နှင့် ဆက်လက်အကောင်အထည်ဖော်မည့် လုပ်ငန်းများဆောင်ရွက်ရန် ဆွေးနွေးခြင်းနှင့် NIM (China) ရှိ Calibration ဓာတ်ခွဲခန်းများဖြစ်သည့် (Medical, Electromagnetic Compatibility, Gas flow, AI (Vibration and Kinematic Parameters), Solar Photovoltaic and EV Calibration Measurement) ဓာတ်ခွဲခန်းများသို့ သွားရောက်လေ့လာခြင်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနရှိ နည်းပညာနှင့် ကွန်ပျူတာ တက္ကသိုလ်များတွင် EV ၊ AI ၊ Digital Technology နှင့် Smart City ကဲ့သို့သော နယ်ပယ်များ၏ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် တရုတ် – မြန်မာ နှစ်နိုင်ငံ အကြား နည်းပညာ မြှင့်တင်ရေးနှင့် ပူးတွဲ သုတေသန လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် Beijing Institute of Technology (BIT) နှင့် Beijing University of Post and Telecommunications (BUPT) တို့သို့ သွားရောက် လေ့လာခြင်းများ ပြုလုပ်ခဲ့ကြပါသည်။

SAMR, China နှင့် ဒုတိယဝန်ကြီးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံဆွေးနွေးခြင်း

SAMR, China တွင် ဒုတိယဝန်ကြီးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် အမှတ်တရဓာတ်ပုံရိုက်ကူးခြင်း

NIM (China) တွင် ဒုတိယဝန်ကြီးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် အမှတ်တရဓာတ်ပုံရိုက်ကူးခြင်း

ဒုတိယဝန်ကြီးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ NIM China ရှိ EMC(Semi-anechoic chamber) သို့ သွားရောက်လေ့လာခြင်း

ဒုတိယဝန်ကြီးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ NIM (China) ရှိ Solar Photovoltaic Measurement ဓာတ်ခွဲခန်းသို့ သွားရောက်လေ့လာခြင်း

ပေကျင်းစက်မှုတက္ကသိုလ်ရှိ ဒုတိယဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ရှိလျှပ်စစ်သုံးယာဉ် သုတေသနစင်တာသို့ သွားရောက်လေ့လာခြင်း

ဒုတိယဝန်ကြီးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ပေကျင်းစာတိုက်နှင့်ဆက်သွယ်ရေး တက္ကသိုလ်ရှိ State Key Laboratory of Information Photonics and Optical Communication ဓာတ်ခွဲခန်းသို့ သွားရောက်လေ့လာခြင်း