၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ(၁၅)ရက်နေ့တွင် DRIနှင့်ISOအကြား ရှေ့ဆက်ပူးပေါင်းဆောင်ရွက်မည့် စံချိန်စံညွှန်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်သည့် အစည်းအဝေးကို onlineစနစ်ဖြင့် ကျင်းပခဲ့ရာ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ အမျိုးသား စံချိန်စံညွှန်းနှင့်အရည်အသွေးဌာနမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး အဆိုပါ အစည်းအဝေးတွင် ISO Regional Coordinator Ike permata sari နှင့် မြန်မာနိုင်ငံမှ ISO တွင်ကျင်းပပြုလုပ်သည့် အစည်းအဝေးများ၊သင်တန်းများနှင့် ISO နည်းပညာကော်မတီအစည်းအဝေးများတွင် တက်ရောက် ခဲ့သည့်အခြေအနေများ၊ ISOမှ အာဆီယံဒေသတွင်းနိုင်ငံများအတွက် စံချိန်စံညွှန်းဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် မြန်မာနိုင်ငံမှ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေးကိစ္စရပ်များအပါအဝင် ရှေ့လာမည့် အနာဂတ်ကာလတွင် ISOမှ မြန်မာနိုင်ငံသို့ စံချိန်စံညွှန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် အထောက်အပံ့များ ပံ့ပိုးပေးနိုင်ရေးစသည့်အခြေအနေများကိုပါ ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပါသည်။
DRI and ISO Bilateral Discussion