အာဆီယံ-သြစတြေးလျ လွတ်လပ်သောကုန်သွယ်မှုဒေသ ထူထောင်နိုင်ရန်အတွက် အလုပ်ရုံ ဆွေးနွေးပွဲ(၃)ဖြစ်သည့် အမျိုးသားအဆင့်ဒီဂျစ်တယ်ကုန်သွယ်မှုဆိုင်ရာ စံချိန်စံညွှန်းကော်မတီ ဖွဲ့စည်း ဆောင်ရွက်ပုံအခြေအနေများနှင့် ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲကို video conferencing စနစ်ဖြင့် ၂၀၂၁ခုနှစ်၊ စက်တင်ဘာလ(၁၅)ရက်နေ့တွင်ကျင်းပခဲ့ရာ အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ အမျိုးသား စံချိန်စံညွှန်းနှင့်အရည်အသွေးဌာနနှင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး သက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များမှ အမျိုးသားအဆင့်စံချိန်စံညွှန်း ကော်မတီ တွင်လိုအပ်မည့်အလေ့အကျင့်ကောင်းများ၊ ISO/TCsများတွင် ဒီဂျစ်တယ်ကုန်သွယ်မှုဆိုင်ရာ စံချိန် စံညွှန်းရေးဆွဲမှုအခြေအနေများအပါအဝင် IECမှ အာဆီယံဒေသတွင်းနိုင်ငံများအတွက် ဒီဂျစ်တယ် ကုန်သွယ်ရေးတွင် ပါဝင်ဆောင်ရွက်နိုင်ရန်အတွက် ကူညီထောက်ပံ့ပေးမှု အခြေအနေများ နှင့် ပတ်သက် သော အကြောင်းအရာများအား ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြပါသည်။
Effective DTS Mirror Committees – Workshop 3