ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး(WTO)မှကြီးမှူး၍ ePing Website online Training ကို ၂၀၂၂ခုနှစ်၊ မတ်လ(၂၉)ရက်နေ့တွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပခဲ့ရာ ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ဝင်နိုင်ငံများနှင့်အတူ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ စံချိန်စံညွှန်းဖွံ့ဖြိုး တိုးတက်ရေးဌာနခွဲမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အဆိုပါသင်တန်းတွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီးမှ ကျွမ်းကျင်ပညာရှင်များက WTO website တွင် ePing အသုံးပြုပုံများ၊ ePingစနစ်၏ အရေးပါပုံနှင့် လုပ်ငန်းဆောင်ရွက်ပုံများနှင့်အတူ အနာဂတ် ကာလတွင် ePingစနစ် အသုံးပြုခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများကို တက်ရောက် လာသော အဖွဲ့ဝင်နိုင်ငံများအား ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးပြောကြားခဲ့ပါသည်။