ရွှေစံချိန်စံညွှန်းရေးဆွဲရေးနည်းပညာဆပ်ကော်မတီအစည်းအဝေးအား online zoom meeting ဖြင့် ၂၀၂၄ ခုနှစ်၊ မေလ ၁၄ ရက်နေ့တွင် ကျင်းပခဲ့ပါသည်။ အစည်းအဝေးတွင် ရွှေစံချိန်စံညွှန်း ရေးဆွဲရေးနည်းပညာဆပ်ကော်မတီဉက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် ရွှေစံချိန်စံညွှန်းရေးဆွဲရေး နည်းပညာဆပ်ကော်မတီအတွင်းရေးမှူး(၁)မှ နည်းပညာ ဆပ်ကော်မတီမှ ဆောင်ရွက်သွားမည့် လုပ်ငန်းတာဝန်များနှင့် ဌာနမှဆောင်ရွက်လျက်ရှိသော ရွှေအလေးချိန်နှင့် အရည်အသွေးသတ်မှတ်ချက်အားလည်းကောင်း၊ အတွင်းရေးမှူးမှ စံချိန်စံညွှန်းရေးဆွဲရာတွင် ဆောင်ရွက်ရမည့်လုပ်ငန်းပိုင်းများနှင့် ဆက်စပ်၍လည်းကောင်း၊ ရွှေစံချိန်စံညွှန်းရေးဆွဲရေး နည်းပညာဆပ်ကော်မတီအဖွဲ့ဝင်များမှ ရွှေအလေးချိန်၊ ရွှေဆိုင်ရာ အရည်အသွေးနှင့် စမ်းသပ် စစ်ဆေးခြင်းနည်းလမ်းများကို မြန်မာစံချိန်စံညွှန်းများအဖြစ် ရေးဆွဲချမှတ်ပြဋ္ဌာန်းနိုင်ရေးနှင့် စပ်လျဉ်း၍လည်းကောင်း၊ အသီးသီးဆွေးနွေးရှင်းလင်းခဲ့ကြပါသည်။ ၎င်းနောက် နည်းပညာ ဆပ်ကော်မတီဉက္ကဋ္ဌမှ အဖွဲ့ဝင်များ၏ဆွေးနွေးချက်အပေါ် ပြန်လည်ဆွေးနွေးခြင်းနှင့် ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များအား ဆွေးနွေးခဲ့ပြီး ဆွေးနွေးချက်အား အတည်ပြု ဆုံးဖြတ်ခဲ့ကြပါသည်။ TC သည် ရှေ့လုပ်ငန်းစဉ်အတွက် သုတေသနနှင့် တီထွင် ဆန်းသစ်မှုဦးစီးဌာန (DRI) သို့ ရွှေအလေးချိန်စံချိန်စံညွှန်းများအတွက် အဆိုပြုလွှာ တင်သွင်းရန် သဘောတူခဲ့သည်။
ရွှေစံချိန်စံညွှန်းရေးဆွဲရေးနည်းပညာဆပ်ကော်မတီအစည်းအဝေးကျင်းပခြင်းမှတ်တမ်းဓာတ်ပုံ