သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနနှင့် PTB တို့အကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် “Strengthening Quality Infrastructure Project” အရ (၂၆−၂−၂၀၂၀)ရက်နေ့မှ (၂၈−၂−၂၀၂၀)ရက်နေ့ အထိ PTB မှ Expert ဖြစ်သည့် Mrs. Siglinde Christine Kaiser သည် project mission ကာလအတွင်း အမျိုးသားစံချိန်စံညွှန်းနှင့်အရည်အသွေးဌာနမှ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး Standization Tools များကို အသုံးပြု၍ Good Standardization Practice အကောင်အထည်ဖော်နိုင်ရန်အတွက် ရှေ့ဆက်လုပ်ဆောင် မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြပါသည်။ (၂၇−၂−၂၀၂၀)ရက်နေ့တွင် Good Standardization Practice and Stakeholder Engagement Meeting အား Private Sector များအတွက် ရည်ရွယ်၍ ပြုလုပ်ခဲ့ရာ Union of Myanmar Federation of Chambers of Commerce and Industry , Federation of Myanmar Engineering Societies, Myanmar Engineering Council နှင့် Myanmar Computer Federation တို့မှ ကိုယ်စားလှယ်များ ပါဝင်ဆွေးနွေးခဲ့ကြပြီး စုစုပေါင်း (၂၅)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။