အာဆီယံနိုင်ငံများတွင် Critical and Emerging Technologies (CET) စံချိန်စံညွှန်းများရေးဆွဲနိုင်ရန်နှင့် ဖွံ့ဖြိုးတိုးတက်ရန်ရည်ရွယ်၍ “Incubating Capacity for Critical and Emerging Technology Standards” အလုပ်ရုံဆွေးနွေးပွဲကို Standards Australia မှဦးဆောင်၍ ၂၀၂၁ခုနှစ်၊ အောက်တိုဘာလ (၂၅ရက်နေ့မှ၂၈ရက်နေ့အထိ) online စနစ်ဖြင့်ကျင်းပခဲ့ရာ အဆိုပါ ဆွေးနွေးပွဲသို့ စက်မှုပူးပေါင်း ဆောင်ရွက်ရေးဦးစီးဌာန၊ အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း၊ ကုန်သွယ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်၊ မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံမိုဘိုင်း(လ်) လုပ်ငန်းရှင်များအသင်း၊မြန်မာနိုင်ငံဒီဂျစ်တယ်မီဒီယာအသင်းနှင့်အတူ စံချိန်စံညွှန်းဖွံ့ဖြိုးတိုးတက်ရေး ဌာနခွဲမှ တာဝန်ရှိသူများအသီးသီး တက်ရောက်ခဲ့ကြပြီး သက်ဆိုင်ရာနယ်ပယ်မှပညာရှင်များ၊ မူဝါဒရေးရာ ကျွမ်းကျင်သူများအပြင် အာဆီယံနိုင်ငံများရှိ စံချိန်စံညွှန်းအဖွဲ့အစည်းများမှ CET စံချိန်စံညွှန်းများ၏ အရေးပါပုံ၊ ISOနှင့်IEC နည်းပညာကော်မတီများတွင် CET စံချိန်စံညွှန်းရေးဆွဲမှု အခြေအနေများနှင့်အတူ အာဆီယံနိုင်ငံများအကြား ရှေ့ကာလတွင် CET စံချိန်စံညွှန်းများ ရေးဆွဲပြုလုပ် မည့် အခြေအနေများအား ကျယ်ကျယ်ပြန့်ပြန့် အသိပညာဆွေးနွေးဖလှယ်မှုများ ပြုလုပ်ခဲ့ကြပါသည်။
Incubating Capacity for Critical and Emerging Technology Standards Workshop