၂၀၂၂ခုနှစ်၊ ဩဂုတ်လ(၂၃)ရက်နေ့တွင် ISO Regional Coordinator မှကြီးမှူး၍ ISO Asia – Pacific Monthly Forum ကို virtual စနစ်ဖြင့်ကျင်းပခဲ့ရာ သုတေသနနှင့်တီထွင် ဆန်းသစ်မှုဦးစီးဌာန၊ စံချိန်စံညွှန်းဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲမှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့်အတူ စံချိန်စံညွှန်းရေးဆွဲရေး နည်းပညာဆပ်ကော်မတီများဖြစ်သည့် ဓာတုပစ္စည်း စံချိန်စံညွှန်း ရေးဆွဲရေး နည်းပညာဆပ်ကော်မတီနှင့် စက်နှင့်စက်ပစ္စည်းဆိုင်ရာ စံချိန်စံညွှန်းရေးဆွဲရေး နည်းပညာဆပ်ကော်မတီမှ ကိုယ်စားလှယ်များ စုစုပေါင်း (၆)ဦးခန့်တက်ရောက်ခဲ့ကြပြီး အဆိုပါ ဖိုရမ်တွင် ISOမှ ပညာရှင်များက ISO Annual Meeting 2022 တွင် in person တက်ရောက်မည့်သူများအတွက် အစည်းအဝေးအစီအစဉ်များ၊ voting နှင့် ပတ်သက်သော အသေးစိတ်အကြောင်းအရာများအပြင် Japanese National Mirror Committee မှ national adoption of CASCO standards အကြောင်းနှင့် လက်ရှိဆောင်ရွက်လျက်ရှိသော စီမံချက်များအကြောင်းကိုလည်းကောင်း၊ COPOLCO vice-chair မှ consumer vulnerability၊ service standards ဖွံ့ဖြိုးတိုးတက်မှုနှင့် လက်ရှိဆောင်ရွက်လျက်ရှိသော စီမံချက်များအကြောင်းကိုလည်းကောင်း၊ Department of Standards Malaysia မှ consumer representation အရေးပါပုံများအားလည်းကောင်း တက်ရောက်လာသူများသို့ ဆွေးနွေး တင်ပြ ခဲ့ကြပါသည်။
ISO Asia Pacific Monthly Forum (23 August 2022)