သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနသည် “ISO/ IEC 17025:2017 ဓာတ်ခွဲခန်းဆိုင်ရာ အသိပညာပေးသင်တန်း” ကို (၁၃-၉-၂၀၂၃)ရက်နေ့မှ (၁၄-၉-၂၀၂၃) ရက်နေ့အထိ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဉီးစီးဌာန၊ စုဝေးခန်းမကြီး၌ ကျင်းပပြုလုပ်ခဲရာ သုတေသနနှင့်တီထွင်ဆန်းသစ်မှု ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖြူဖြူဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
ISO/IEC 17025:2017 ဓာတ်ခွဲခန်းဆိုင်ရာအသိပညာပေးသင်တန်းသည် ပြည်တွင်းရှိ ဓါတ်ခွဲခန်းများအား ဓာတ်ခွဲခန်းများလိုက်နာရမည့်ISO/IEC 17025:2017 အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းသတ်မှတ်ချက်များနှင့်အညီ ပြင်ဆင်ဆောင်ရွက်၍ အသိအမှတ်ပြုလွှာရရှိနိုင်စေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်း ဖြစ်ပါသည်။
အသိပညာပေးသင်တန်းသို့ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပုဂ္ဂလိကဓါတ်ခွဲခန်းများမှ ဘာသာရပ်သက်ဆိုင်သူ စုစုပေါင်း(၇၂)ဉီးတက်ရောက်ခဲ့ကြပြီး သင်တန်းသားများအား သင်တန်း ဆင်းလက်မှတ်များပေးအပ်ခဲ့ပါသည်။
Giving an opening speech by Dr.Phyu Phyu Win ,Director General at the ISO/ IEC 17025:2017 awareness training