ISO POCOSA Sessionကို ၂၀၂၂ခုနှစ်၊မေလ(၃၀)ရက်နေ့တွင် ISO Asia Pacific Coordinator မှကြီးမှူး၍ ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့ရာ အဆိုပါ Session သို့ သုတေသနနှင့်တီထွင် ဆန်းသစ်မှုဦးစီးဌာန၊ စံချိန်စံညွှန်းဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲမှ တာဝန်ခံနှင့်အတူ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ISO ကျွမ်းကျင်ပညာရှင်မှ ISO အဖွဲ့ဝင်နိုင်ငံများ၏ အခွင့်အရေးနှင့် တာဝန်များ၊ ISO ပုံနှိပ်ထုတ်ဝေမှုပုံစံများ၊ ISO Royalties နှင့် Retrocession အတွက် ကျခံငွေများ၊ ISO မူပိုင်ခွင့်၊ ISO စံချိန်စံညွှန်းများကို နိုင်ငံအဆင့်ချမှတ်မှု အခြေအနေများအားမှတ်တမ်းထားရှိမှု အခြေအနေများနှင့် ISO အဖွဲ့ဝင်နိုင်ငံများသို့ အထောက်အပံ့ပေးနေသည့် အကြောင်းအရာများကို တက်ရောက်လာသူများအား ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပါသည်။
ISO POCOSA Session ပြုလုပ်ခြင်း