၂၀၂၄ခုနှစ်၊ ဖေဖေါ်ဝါရီလ(၁၅)ရက်နေ့တွင် “အမျိုးသားအဆင့်အရည်အသွေးဆိုင်ရာ အခြေခံ အဆောက်အအုံ ခိုင်မာအားကောင်းစေရေးနှင့် ထုတ်ကုန်များ၊ ထုတ်လုပ်မှုနည်းစဉ်များနှင့် ဝန်ဆောင်မှု လုပ်ငန်းများအတွက် အမျိုးသားအရည်အသွေးထောက်ခံချက်ထုတ်ပေးရေးအဖွဲ့ အကောင်အထည်ဖော်ရေး စီမံကိန်း” ဖွင့်ပွဲအခမ်းအနားနှင့် “ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးနှင့် စက်မှုဖွံ့ဖြိုးတိုးတက်စေရေး အတွက် စံချိန်စံညွှန်းနှင့်အရည်အသွေးဆိုင်ရာ ကဏ္ဍအား သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ချိတ်ဆက် တွေ့ဆုံဆွေးနွေးခြင်းဖိုရမ်” အခမ်းအနားကို ရန်ကုန်မြို့ Mercure ဟိုတယ်၌ ကျင်းပခဲ့ရာ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် တက်ရောက်၍ အဖွင့်အမှာ စကားပြောကြားခဲ့ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး၊ Counselor Ms. Qiao Li မှ တရုတ်ပြည်သူ့သမ္မတ နိုင်ငံမှ တာဝန်ယူဆောင်ရွက်နေသည့် အာရှပိုးလမ်းမကြီး စီမံကိန်းတွင် ပါဝင် သည့် LMC အဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးနှင့် စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် အထောက်အပံ့ပေးနိုင်မည့် စီမံကိန်းဖြစ်သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူ ရပါကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာလေ့လာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်မှ မဲခေါင် – လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာစီမံကိန်းအထူးရန်ပုံငွေဖြင့် မဲခေါင် အဖွဲ့ဝင်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံအနေဖြင့် LMC စီမံကိန်းများကို နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ခံအနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူးပေါင်း ချိတ်ဆက်ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး သုတေသနနှင့်တီထွင် ဆန်းသစ်မှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ မဲခေါင် – လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာစီမံကိန်းအထူးရန်ပုံငွေအောက်တွင် ဆောင်ရွက်မည့် စီမံကိန်းနှင့် ပတ်သက် သည့် အကောင်အထည်ဖော်ဆောင်ရွက်မည့် အခြေအနေများကို လည်းကောင်း အသီးသီး ရှင်းလင်း တင်ပြခဲ့ပါသည်။ အဆိုပါစီမံကိန်းဖွင့်ပွဲ အခမ်းအနားသို့ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ အမျိုးသားစံချိန်စံညွှန်းကောင်စီဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အစိုးရနှင့် ပုဂ္ဂလိက အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် သုတေသန နှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ အသီးသီးတက်ရောက်ခဲ့ကြပါသည်။
ဆက်လက်၍ “ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးနှင့် စက်မှုဖွံ့ဖြိုးတိုးတက်စေရေးအတွက် စံချိန်စံညွှန်းနှင့် အရည်အသွေးဆိုင်ရာကဏ္ဍအား သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ချိတ်ဆက်တွေ့ဆုံ ဆွေးနွေးခြင်းဖိုရမ်” အခမ်းအနားတွင် သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးနှင့် စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် အစိုးရ-ပုဂ္ဂလိက အဖွဲ့အစည်းများမှ ကျွမ်းကျင်ပညာရှင်များကို ဖိတ်ကြား၍ Panel Discussion အစီအစဉ်ဖြင့် အများပြည်သူ များအကြား ကျယ်ကျယ်ပြန့်ပြန့် သိမြင်နားလည်စေရန်နှင့် အစိုးရ-ပုဂ္ဂလိကကဏ္ဍ ပိုမိုချိတ်ဆက်မှု အားကောင်းလာစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ဆက်လက်၍ စံချိန်စံညွှန်း သတ်မှတ်ခြင်းနှင့် အရည်အသွေးထောက်ခံချက်ထုတ်ပေးခြင်းကဏ္ဍ၊ ဓာတ်ခွဲခန်းများ အသိအမှတ်ပြုခြင်းဆိုင်ရာကဏ္ဍ၊ တိကျစွာတိုင်းတာခြင်း နည်းပညာနှင့် ဓာတ်ခွဲစမ်းသပ်ခြင်းဆိုင်ရာ ကဏ္ဍတွင် သက်ဆိုင်ရာ Panel Speaker များမှ အသီးသီးရှင်းလင်းဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူ များမှ အဆိုပါကဏ္ဍများနှင့်စပ်လျဉ်း၍ သိလိုသည်များကို မေးခွန်းခဲ့ရာ Panel Speaker များမှ ဆွေးနွေး ပြောကြားခဲ့ပါသည်။ အဆိုပါဖိုရမ် အခမ်းအနားသို့ အမျိုးသားစံချိန်စံညွှန်းကောင်စီဝင်များ၊ စံချိန်စံညွှန်း လုပ်ငန်းကော်မတီဝင်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အစိုးရနှင့် ပုဂ္ဂလိက အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် သုတေသနနှင့်တီထွင် ဆန်းသစ်မှုဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ စုစုပေါင်း (၁၂၀)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။





အမျိုးသားအဆင့်အရည်အသွေးဆိုင်ရာအခြေခံအဆောက်အအုံ ခိုင်မာအားကောင်းစေရေးနှင့် ထုတ်ကုန်များ၊ ထုတ်လုပ်မှု နည်းစဉ်များနှင့် ဝန်ဆောင်မှု လုပ်ငန်းများအတွက် အမျိုးသားအရည်အသွေး ထောက်ခံချက်ထုတ်ပေးရေးအဖွဲ့ အကောင်အထည်ဖော်ရေးစီမံကိန်းဖွင့်ပွဲအခမ်းအနား (၁၅-၂-၂၀၂၄)





ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးနှင့် စက်မှုဖွံ့ဖြိုးတိုးတက်စေရေးအတွက် စံချိန်စံညွှန်းနှင့် အရည်အသွေးဆိုင်ရာကဏ္ဍအား သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ချိတ်ဆက်တွေ့ဆုံ ဆွေးနွေးခြင်းဖိုရမ် အခမ်းအနား (၁၅-၂-၂၀၂၄)