၂၀၂၄ခုနှစ်၊ ဇူလိုင်လ(၁၀)ရက်နေ့တွင် အရည်အသွေးကိုက်ညီမှုစစ်ဆေးရေးအဖွဲ့ မှတ်ပုံတင်ခြင်း နှင့် ထောက်ခံချက်ပြုခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ အစည်းအဝေးကို သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာန၊ ဝန်ကြီးရုံး၊ နေပြည်တော်၌ ကျင်းပခဲ့ရာ အမျိုးသားစံချိန်စံညွှန်းကောင်စီ၏ ဥက္ကဋ္ဌ ဖြစ်သော သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဆက်လက်၍ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာဖြူဖြူဝင်းမှ အမျိုးသားအဆင့်အရည်အသွေး ထောက်ခံချက် ပြုရေးစနစ်အတွက် အကောင်အထည်ဖော် ဆောင်ရွက်ချက်များနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို တင်ပြဆွေးနွေးခဲ့ပြီး အမျိုးသားစံချိန်စံညွှန်းနှင့် အရည်အသွေးဌာနမှ အရည်အသွေးစစ်ဆေးရေးအဖွဲ့များအား မှတ်ပုံတင်ခြင်း(Registration) နှင့် ထောက်ခံချက် ပြုခြင်း (Designation) လုပ်ငန်းစဉ်နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဝန်ကြီးဌာနများမှ သဘောထား မှတ်ချက်များအပေါ် ရှင်းလင်းဆွေးနွေးခဲ့ခြင်းအပေါ် တက်ရောက်လာသူများနှင့် အပြန်အလှန် ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် အမြဲတမ်းအတွင်းဝန်၊ အမျိုးသားစံချိန်စံညွှန်း ကောင်စီဝင်များ ဖြစ်သည့် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ စံချိန်စံညွှန်းလုပ်ငန်း ကော်မတီဝင်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ အရာရှိများ၊ အရည်အသွေးစစ်ဆေးရေး အဖွဲ့များနှင့် စမ်းသပ်စစ်ဆေးရေး ဓာတ်ခွဲခန်းများမှ ကိုယ်စားလှယ်များနှင့် သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ စုစုပေါင်း(၁၀၀)ခန့် တက်ရောက်ခဲ့ကြပါ သည်။
အရည်အသွေးကိုက်ညီမှုစစ်ဆေးရေးအဖွဲ့မှတ်ပုံတင်ခြင်းနှင့်ထောက်ခံချက်ပြုခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ အစည်းအဝေး