မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီနိုင်ငံသံရုံး ကောင်စစ်ဝန်နှင့် Head of Cooperation ဖြစ်သူ Dr. Katharina Spiess နှင့် PTB (Germany) ၏ Head of Working Group Asia International Cooperation ဖြစ်သူ Mrs. Corinna Weigett ဦးဆောင်သော PTB (Germany) ကိုယ်စားလှယ်အဖွဲ့သည် ၂၉.၅.၂၀၁၉ ရက်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းရှိ ပညာရေးဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှု ဦးစီးဌာန၊ တိကျစွာတိုင်းတာခြင်းနည်းပညာသိပ္ပံ (မြန်မာ)သို့ လာရောက်ကာ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းခိုင်မိုးနှင့်တာဝန်ရှိသူများအား လာရောက်တွေ့ဆုံခဲ့ကြပါ သည်။
ထိုသို့တွေ့ဆုံစဉ် အဖွဲ့အစည်းနှစ်ခုအကြား ပူးပေါင်းဆောင်ရွက်နိုင်မှု အခြေအနေများ၊ နည်းပညာအထောက်အကူပေးရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွ့ံဖြိုးတိုးတက်ရေးနှင့် ရှေ့ဆက် အကောင်အထည်ဖော်မည့် လုပ်ငန်းများအတွက် ဆွေးနွေးကြပါသည်။
တွေ့ဆုံရာသို့ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဒေါက်တာဇာနည်အောင်နှင့်ဒေါက်တာထွန်းထွန်းမိုး၊ အမျိုးသားစံချိန်စံညွှန်းနှင့်အရည်အသွေးဌာနမှ တာဝန်ရှိ သူများ၊ တိကျစွာတိုင်းတာခြင်းနည်းပညာသိပ္ပံ (မြန်မာ) မှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။