၂၀၂၄ ခုနှစ်၊ မေလ(၇)ရက်နေ့တွင် သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ အမျိုးသားစံချိန်စံညွှန်းနှင့် အရည်အသွေးဌာန၊ အစည်းအဝေးခန်းမ၌ တရုတ်နိုင်ငံအခြေစိုက် Conformity Assessment Body တစ်ခုဖြစ်သော World Standardization and Certification & Testing Group Co., Ltd (WSCT) မှ မြန်မာနိုင်ငံတွင် အရည်အသွေးကိုက်ညီမှုစစ်ဆေးခြင်းဆိုင်ရာ ဝန်ဆောင်မှုကိစ္စရပ်များ ဆောင်ရွက်ရန် အတွက် လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် WSCT အနေဖြင့် တရုတ်နိုင်ငံမှထုတ်ကုန်များ မြန်မာနိုင်ငံသို့ မတင်ပို့မီ Certification Body တစ်ခုအနေဖြင့် Testing, Inspection နှင့် Certification လုပ်ငန်းများပူးပေါင်းဆောင်ရွက်ရန်အတွက် Registration နှင့် Designation ပြုလုပ်ရန် ဖြစ်ပါသည်။ ထိုသို့တွေ့ဆုံရာတွင် WSCT ဘက်မှ, Mr. Jason Zhang (General Manager)၊ Mr. Kibwila Phinees (Project Manager) နှင့် Mr. Tshibanda Mulowayi(Country Operation Manager)တို့မှ မြန်မာနိုင်ငံ ဘက်ရှိ အမျိုးသားစံချိန်စံညွှန်းနှင့်အရည်အသွေးဌာနမှဌာနမှူးနှင့်အတူ အစိုးရတာဝန်ရှိ ပုဂ္ဂိုလ် များ နှင့် တက်ရောက် ဆွေးနွေးခဲ့ကြသည့်အပြင် Online မှ WSCT ၏ CEO ဖြစ်သူ Mr. Fengbing Wang ၊ Mr. Freddy Shen (Director Assistant) နှင့် Mr. Khalil (Product Certification Manager) တို့လည်း တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။
World Standardization and Certification & Testing Group Co., Ltd (WSCT) မှ လာရောက်တွေ့ဆုံဆွေးနွေးခြင်း