National Standards and Quality Department

တိကျစွာတိုင်းတာခြင်းနည်းပညာဌာန

ပညာရေးဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန အောက်ရှိ တိကျစွာတိုင်းတာခြင်း နည်းပညာဌာနသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနိုင်ငံ၏ အမျိုးသားအဆင့်အတိုင်းအတာစံများကို ထိန်းသိမ်းခြင်း၊ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ခြင်းများကိုဆောင်ရွက်ပြီး၊ အစိုးရအဖွဲ့အစည်းများ၊ စက်မှု လုပ်ငန်းများရှိတိုင်းတာကိရိယာများ၏ အတိုင်းအတာဆိုင်ရာမှန်ကန်တိကျမှုကို ဝန်ဆောင်မှုပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။ ထို့ပြင် တစ်နိုင်ငံလုံးအတိုင်းအတာစံယူနစ်များတစ်ပြေးညီဖြစ်စေရေး၊ အမျိုးသား အဆင့်အတိုင်းအတာစံများ၊ အပြည်ပြည်ဆိုင်ရာအတိုင်းအတာယူနစ်စနစ်များနှင့် စံဖြင့်တိုက်ကြည့်စစ်ဆေးခြင်း များဆောင်ရွက်နိုင်ရန်အတွက်လည်းအထောက်အကူပြုပေးလျက်ရှိပါသည်။

 

ဌာန၏မျှော်မှန်းချက်နှင့်ရည်ရွယ်ချက်များ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင် အမျိုးသားအဆင့်အတိုင်းအတာဆိုင်ရာယူနစ်စနစ်များကို ဖွံ့ဖြိုးတိုး တက်စေရေးနှင့် အထောက်အကူဖြစ်စေရေး၊ အတိုင်းအတာများ၏ မှန်ကန်တိကျမှုရှိစေရေး၊ အပြည်ပြည်ဆိုင်ရာ တိကျစွာတိုင်းတာခြင်းနည်းပညာများနှင့်လိုက်လျောညီထွေဖြစ်စေရေးတို့ကို ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ဌာန၏ အဓိကလုပ်ငန်းတာဝန်များ

အမျိုးသားအဆင့်အတိုင်းအတာယူနစ်စနစ်ကိုတည်ထောင်သွားပြီး၊ အပြည်ပြည်ဆိုင်ရာတိကျစွာ တိုင်းတာခြင်းနည်းပညာကဏ္ဍများတွင်ပါဝင်ဆောင်ရွက်ခြင်း
အပြည်ပြည်ဆိုင်ရာအတိုင်းအတာယူနစ်စနစ်များနှင့်တိုက်ကြည့်စစ်ဆေးခြင်းကိုထူထောင်ခြင်း
နိုင်ငံတွင်းတွင်တရားဝင်အတိုင်းအတာယူနစ်စနစ်များအားဖြန့်ဝေပေးခြင်း
အမျိုးသားအသိအမှတ်ပြုစနစ်အတွက်မှန်ကန်ကောင်းမွန်သောတိကျစွာတိုင်းတာခြင်းနည်းပညာ အခြေခံများထောက်ကူပေးခြင်း
သက်ဆိုင်ရာအဖွဲ့အစည်းများသို့တိကျစွာတိုင်းတာခြင်းနည်းပညာဆိုင်ရာများကို ပညာပေးခြင်း၊ သင်တန်းများပေးခြင်း၊ အကြံပြုချက်များပေးခြင်း
တိကျစွာတိုင်းတာခြင်းနည်းပညာဌာနတွင်

သိပ္ပံနည်းကျတိကျစွာတိုင်းတာခြင်းနည်းပညာဌာန
ဥပဒေအရတိကျစွာတိုင်းတာခြင်းနည်းပညာဌာန
စက်မှုလုပ်ငန်းဆိုင်ရာတိကျစွာတိုင်းတာခြင်းနည်းပညာဌာန ဟူ၍ ဖွဲ့စည်းထားပါသည်

သိပ္ပံနည်းကျတိကျစွာတိုင်းတာခြင်းနည်းပညာ

သိပ္ပံနည်းကျတိကျစွာတိုင်းတာခြင်းနည်းပညာသည်       အမျိုးသားအဆင့် တိုင်းတာခြင်းဆိုင်ရာ ယူနစ်စနစ်များသတ်မှတ်ခြင်း၊     အစိုးရအဖွဲ့အစည်းများ၊ စက်မှုလုပ်ငန်းများ ရှိအတိုင်းအတာ ဆိုင်ရာဓာတ်ခွဲခန်းများ၏ တိုင်းတာကိရိယာများကို စံဖြင့်တိုက်ကြည့်စစ်ဆေးခြင်း ဝန်ဆောင်မှုကို ဆောင်ရွက်ပေးခြင်း၊ တိုင်းတာမှုလုပ်ငန်းများတွင် အပြည်ပြည်ဆိုင်ရာယူနစ်စနစ် (SI) နှင့် ကွင်းဆက်မပြတ် တိုက်ကြည့်စစ်ဆေးမှုများဆောင်ရွက်ခြင်း တို့ကိုဆောင်ရွက်ပေးပါသည်။ လက်ရှိဌာနအနေဖြင့် အလေးချိန်တိုင်းတာခြင်း၊ အပူချိန်တိုင်းတာခြင်း၊ လျှပ်စစ်ဆိုင်ရာ တိုင်းတာခြင်း၊ အလျားတိုင်းတာခြင်း၊ ဖိအားတိုင်းတာခြင်း၊ ထုထည်တိုင်းတာခြင်း တို့အား စံဖြင့်တိုက်ကြည့်စစ်ဆေးခြင်း ဝန်ဆောင်မှုကိုဆောင်ရွက်ပေးလျက်ရှိပါသည်။

ဌာနရှိတိုင်းတာခြင်းဆိုင်ရာဓာတ်ခွဲခန်းများကို အပြည်ပြည်ဆိုင်ရာအသိအမှတ်ပြုဓာတ်ခွဲခန်းများ ဖြစ်စေရန် အဆင့်မြှင့်တင်ခြင်းများဆောင်ရွက်လျက်ရှိပါသည်။

ဥပဒေအရတိကျစွာတိုင်းတာခြင်းနည်းပညာ

ဥပဒေအရတိကျစွာတိုင်းတာခြင်းနည်းပညာ၏အဓိကဆောင်ရွက်ချက်မှာ ကုန်သွယ်မှုနှင့် ဆက်စပ်လျက်ရှိသောတိုင်းတာကိရိယာများကို မှန်ကန်တိကျစေရန်စစ်ဆေးခြင်းဖြစ်ပါသည်။ အဆိုပါ ဆောင်ရွက်ချက်များအတွက်

လျှပ်စစ်ဆိုင်ရာပစ္စည်းကိရိယာများကိုစမ်းသပ်စစ်ဆေးခြင်း
ဈေးကွက်အတွက်အသုံးပြုလျက်ရှိသည့်တိုင်းတာကိရိယာများကိုစစ်ဆေးခြင်း
လောင်စာဆီဖြန့်ဖြူးရောင်းချသည့်ကိရိယာများကိုစစ်ဆေးခြင်း
အိမ်သုံးနှင့်လုပ်ငန်းသုံးရေမီတာများကိုစစ်ဆေးခြင်း
ဈေးကွက်အတွင်းရှိကြိုတင်ထုတ်ပိုးကုန်ပစ္စည်းများ၏ အတိုင်းအတာဆိုင်ရာများကို စစ်ဆေးခြင်း များစသည်တို့ကိုဆောင်ရွက်ပါသည်။
မြန်မာနိုင်ငံတွင် တိကျစွာတိုင်းတာခြင်းနည်းပညာဥပဒေကိုပြဋ္ဌာန်ပြီးနောက် ဥပဒေအရတိကျစွာ တိုင်းတာခြင်းနည်းပညာအတွက် တိုက်ဆိုင်စစ်ဆေးသည့်ဝန်ဆောင်မှုများကို ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံအတွင်း စည်းမျဉ်းစည်းကမ်းများဖြင့် ထိန်းချုပ်ရန်လိုအပ်သော တိုင်းတာ ကိရိယာများကို တိုက်ဆိုင်စစ်ဆေးခြင်းများဆောင်ရွက်သွားမည်ဖြစ်ပြီး အသိအမှတ်ပြုသည့်လုပ်ငန်းစဉ် များကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်သွားခြင်းဖြင့် စားသုံးသူ ကာကွယ်ရေး၊ အတိုင်းအတာဆိုင်ရာထုတ်ကုန်များ နှင့် ကြိုတင်ထုတ်ပိုးကုန်ပစ္စည်းများထုတ်လုပ်ခြင်း လုပ်ငန်းများတွင် မျှတသောကုန်သွယ်မှုကိုဖြစ်ပေါ်စေရေးတို့ကို မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ပါ သည်။

စက်မှုလုပ်ငန်းဆိုင်ရာတိကျစွာတိုင်းတာခြင်းနည်းပညာ

စက်မှုလုပ်ငန်းများရှိ စက်ရုံ၊ အလုပ်ရုံများ နှင့်အခြားသော တိုင်းတာခြင်းဆိုင်ရာအဖွဲ့အစည်းများ ရှိ တိုင်းတာကိရိယာများကို အမျိုးသားအဆင့်အတိုင်းအတာစံများဖြင့် တိုက်ဆိုင်စစ်ဆေးခြင်း၊ စံဖြင့် တိုက်ကြည့်စစ်ဆေးခြင်းများကို ဝန်ဆောင်မှုပေးသွားမည်ဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် တိကျစွာတိုင်းတာခြင်းနည်းပညာဌာနအနေဖြင့် အလေးချိန်ဆိုင်ရာတိုင်းတာကိရိယာများ၊ ကြိုတင်ထုတ်ပိုးကုန်ပစ္စည်းများကို ထိန်းချုပ်ရေးအတွက် တိုင်းတာကိရိယာများကို တိုက်ဆိုင် စစ်ဆေးခြင်းဆောင်ရွက်ချက်များကို ဖွံ့ဖြိုးတိုးတက်စေရန်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ခြင်းများ

တိကျစွာတိုင်းတာခြင်းနည်းပညာဌာနသည် အပြည်ပြည်ဆိုင်ရာအကူအညီပေးရေးအဖွဲ့အစည်း များဖြစ်သည့် UNIDO၊ PTB၊ GIZ၊ USAID နှင့် JICA စသည့်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ခေတ်မီသော တိကျစွာတိုင်းတာခြင်းနည်းပညာဆိုင်ရာအခြေခံအဆောက်အဦကို ခိုင်မာစေရန် ဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် အာဆီယံစံချိန်စံညွှန်းနှင့်အရည်အသွေးဆိုင်ရာအတိုင်ပင်ခံ ကော်မတီအောက်ရှိ ဥပဒေအရတိကျစွာတိုင်းတာခြင်းနည်းပညာလုပ်ငန်းအဖွဲ့ (ACCSQ – WG3) တာဝန်ခံဌာနအဖြစ်လည်း ဆောင်ရွက်လျက်ရှိပါသည်။

ဌာနအနေဖြင့် အပြည်ပြည်ဆိုင်ရာတိကျစွာတိုင်းတာခြင်းနည်းပညာဆိုင်ရာအဖွဲ့အစည်းများတွင် လည်း အဖွဲ့ဝင်အဖြစ်ပါဝင်ဆောင်ရွက်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

Bureau International des Poids et Measures (BIPM)
www.bipm.org
The task of the BIPM is to ensure world-wide uniformity of measurements and their  traceability to the International System of Units (SI).
 International Organization of Legal Metrology (OIML)
www.oiml.org
The(OIML is an intergovernmental treaty organization,  established in 1955 in order to promote the global harmonization of legal metrology procedures.
  The Asia-Pacific Legal Metrology Forum (APLMF)
http://www.aplmf.org
The Asia-Pacific Legal Metrology Forum (APLMF) is a grouping of legal metrology authorities in the Asia Pacific Economic Cooperation (APEC) economies and other economies on the Pacific Rim, whose objective is the development of legal metrology and the promotion of free and open trade in the region through the harmonization and removal of technical or administrative barriers to trade in the field of legal metrology.
  Asia-Pacific Metrology Programme (APMP)
www.apmpweb.org
The APMP is a grouping of national metrology institute (NMIs) from Asia-Pacific region engaged in improving regional metrology.

© Copyright by Myanmar Standard. All right Standard. Designed by World Wide Myanmar