အမျိုးသားစံချိန်စံညွှန်းကောင်စီ(၁/၂၀၂၄)အစည်းအဝေး ဆုံးဖြတ်ချက်အရ ပညာရေးဝန်ကြီး ဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနရှိ တက္ကသိုလ်များနှင့် ကောလိပ်များတွင် ပညာရေး ဆိုင်ရာ စီမံခန့်ခွဲမှုစနစ်များ အသုံးပြုခြင်းတွင် အထောက်အကူပြုစေရန်နှင့် ပညာရေး ကဏ္ဍတွင် စွမ်းဆောင်ရည်ပြည့်ဝသည့် လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ “MMS ISO 21001:2018 ပညာရေးဆိုင်ရာ အဖွဲ့အစည်းများအတွက် စီမံခန့်ခွဲမှုစနစ်များ အသုံးပြုရန် အတွက် လမ်းညွှန်မှုပါသော လိုအပ်ချက်များ” စံချိန်စံညွှန်းနှင့်စပ်လျဉ်းသည့် အသိ ပညာပေးဆွေးနွေးပွဲကို ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ(၃၀)ရက်နေ့တွင် သုတေသနနှင့်တီထွင် ဆန်းသစ်မှုဦးစီးဌာနမှ ဦးဆောင်၍ online စနစ်ဖြင့် ကျင်းပခဲ့ရာ သုတေသနနှင့်တီထွင်ဆန်းသစ် မှုဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် စီမံခန့်ခွဲမှုစနစ်ဆိုင်ရာ စံချိန်စံညွှန်းရေးဆွဲရေး နည်းပညာ ဆပ်ကော်မတီ၊ကျွမ်းကျင်ပညာရှင်(၃)ဦးမှ ပညာရေးဆိုင်ရာ အဖွဲ့အစည်းများ အတွက် အသုံးပြု ရန် လိုအပ်သည့် အခြေခံမူများ၊ လမ်းညွှန်ချက်များနှင့် လိုက်နာရန်အချက်အလက်များကို ပညာရေးဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနရှိ တက္ကသိုလ်များနှင့် ကောလိပ်များရှိ ဆရာ/ဆရာမများသို့ အသိပညာဖြန့်ဝေခြင်းများ ပြုလုပ်ခဲ့ကြပြီး စုစုပေါင်းလူဦးရေ(၁၀၀)ခန့် တက်ရောက်ခဲ့ကြပါသည်။
MMS ISO 21001 ပညာရေးစီမံခန့်ခွဲမှုဆိုင်ရာ စံချိန်စံညွှန်းအသိပညာပေးဆွေးနွေးပွဲ (၂၀၂၅၊ဇန်နဝါရီလ ၃၀ရက်)