ပညာရေးဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ အမျိုးသားစံချိန်စံညွှန်းနှင့် အရည်အသွေး ဌာန မှ United Nations Industrial Development Organization (UNIDO) ၏ အထောက်အပံ့ဖြင့် မြန်မာနိုင်ငံ၏လက်ဖက်စံချိန်စံညွှန်းများဖွံ့ဖြိုးတိုးတက်လာစေရန် Stakeholderများအကြား ထိရောက်စွာ ပူးပေါင်းညိှနှိုင်းဆောင်ရွက်ရန် ရည်ရွယ်၍ “Awareness Workshop for the Development of Myanmar Tea Standards” အလုပ်ရုံဆွေးနွေးပွဲကို သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၁၇)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အလုပ်ရုံဆွေးနွေးပွဲသို့ အမျိုးသား စံချိန်စံညွှန်းနှင့်အရည်အသွေးဌာန၊ အမျိုးသားဓါတ်ခွဲခန်း၊ ဓါတုနည်းပညာသုတေသနဌာန၊ စားသုံးသူရေးရာ ဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံလက်ဖက်အသင်းနှင့် မြန်မာနိုင်ငံစားသောက်ကုန်ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ ကိုယ်စားလှယ်များစုစုပေါင်း (၆၁)ဦး ခန့်တက်ရောက်ခဲ့ကြပါသည်။
အလုပ်ရုံဆွေးနွေးပွဲသို့တက်ရောက်သူကိုယ်စားလှယ်များမှ မြန်မာနိုင်ငံလက်ဖက်စံချိန်စံညွှန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ နိုင်ငံတကာလက်ဖက်စံချိန်စံညွှန်းများ (ISO Standards for Green Tea and Black Tea )၊ အာဆီယံလက်ဖက်စံချိန်စံညွှန်း(ASEAN Standard for Tea) နှင့် အခြားသော နိုင်ငံများ၏ စံချိန်စံညွှန်းများကို အခြေခံ၍ မြန်မာ့ရေမြေသဘာဝနှင့်ကိုက်ညီသော လက်ဖက်စံချိန်စံညွှန်း ကောင်းများထွက်ပေါ်လာစေရန် Stakeholder များအကြား ကျယ်ကျယ်ပြန့်ပြန့်ညိှနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပါသည်။