အမျိုးသားစံချိန်စံညွှန်းနှင့်အရည်အသွေးဌာန ဆိုသည်မှာ

အမျိုးသားစံချိန်စံညွှန်းနှင့်အရည်အသွေးဌာန (ယခင်စံသတ်မှတ်ရေးဌာန) သည် သုတေသန နှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန (ယခင်မြန်မာ့သိပ္ပံနှင့် နည်းပညာ သုတေသနဦးစီးဌာန) အောက်ရှိ နည်းပညာအထောက်အပံ့ပေးသည့် ဌာနတစ်ခုအဖြစ် ၁၉၅၆ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပါသည်။ ၂၀၁၅ ခုနှစ်တွင် သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန ဖွဲ့စည်းပုံအသစ်နှင့်အတူ စံသတ်မှတ်ရေးဌာနကို အမျိုးသားစံချိန်စံညွှန်းနှင့်အရည်အသွေးဌာနအဖြစ်  ပြောင်းလဲဖွဲ့စည်းခဲ့ပါ သည်။ ယခုအခါအမျိုးသားစံချိန်စံညွှန်းနှင့်အရည်အသွေးဌာနသည် စံချိန်စံညွှန်း ရေးဆွဲရေးဌာနခွဲ၊ အသိအမှတ်ပြုဌာနခွဲနှင့် တိကျစွာတိုင်းတာခြင်း နည်းပညာဌာနခွဲဟူသည့် သိပ္ပံ(၃)ခုဖြင့် မြန်မာနိုင်ငံ အမျိုးသားအရည်အသွေးအခြေခံ အဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ယူဆောင်ရွက် လျှက်ရှိပါသည်။

© Copyright by Myanmar Standard. All right Standard. Designed by World Wide Myanmar