အမျိုးသားစံချိန်စံညွှန်းကောင်စီအစည်းအဝေး(၁/၂၀၂၂)ကို ၂၀၂၂ခုနှစ်၊ ဧပြီလ(၆)ရက်နေ့တွင် နေပြည်တော်ရှိ၊ ရုံးအမှတ်(၂၁) သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးတွင် ကျင်းပခဲ့ရာ အမျိုးသားစံချိန်စံညွှန်းကောင်စီ၊ ဥက္ကဋ္ဌဖြစ်သည့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး အစည်းအဝေးသို့ အမျိုးသားစံချိန်စံညွှန်းကောင်စီဝင်များ၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့်အတူ တာဝန်ရှိပုဂ္ဂိုလ်များ အသီးသီးတက်ရောက်ခဲ့ကြ ပါသည်။
အဆိုပါအစည်းအဝေးတွင် ကောင်စီဝင်များထံသို့ အသေးစိတ်ဖြန့်ဝေထားသည့် အတည်ပြု ဆုံးဖြတ်ရန်အချက်(၅)ချက်ဖြစ်သည့် မြန်မာစံချိန်စံညွှန်း(၂၅၉)ခုအားအတည်ပြုခြင်း၊ နည်းပညာ ဆပ်ကော်မတီများ ပြန်လည်ဖွဲ့စည်းခြင်း၊ ထုတ်ကုန်များ၊ ထုတ်လုပ်မှုနည်းစဉ်များနှင့် ဝန်ဆောင်မှုလုပ်ငန်းများ အရည်အသွေးမြှင့်တင်ပေးနိုင်ရန် အမျိုးသားအရည်အသွေး ထောက်ခံချက်ထုတ်ပေးရေးအဖွဲ့ တည်ထောင်ခြင်း၊ နိုင်ငံတော်အတွက်လိုအပ်သော မြန်မာ စံချိန်စံညွှန်းများ သတ်မှတ်ခြင်းနှင့် အသိအမှတ်ပြုခြင်းဆိုင်ရာ လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အတည်ပြု ဆုံးဖြတ်နိုင်ခဲ့သည့်အပြင် သဘောထားမှတ်ချက်များကိုပါ စုစည်းရယူနိုင်ခဲ့ပါသည်။
အမျိုးသားစံချိန်စံညွှန်းကောင်စီအစည်းအဝေး (၁/၂၀၂၂) (၄.၆.၂၀၂၂)