၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(၁)ရက်နေ့တွင် အမျိုးသားစံချိန်စံညွှန်းကောင်စီအစည်းအဝေး(၁/၂၀၂၃) ကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၊ နေပြည်တော်၌ Hybrid စနစ်ဖြင့် ကျင်းပခဲ့ရာ အမျိုးသားစံချိန်စံညွှန်းကောင်စီဝင်များဖြစ်ကြသော သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ UMFCCI၊ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်နှင့် သက်ဆိုင်ရာနယ်ပယ်အသီးသီးရှိ ကျွမ်းကျင်ပညာရှင်များမှ အသီးသီး တက်ရောက်ခဲ့ကြပြီး အဆိုပါအစည်းအဝေးတွင် အမျိုးသားစံချိန်စံညွှန်းကောင်စီ၏ ဥက္ကဋ္ဌဖြစ်သော သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် တက်ရောက်၍ အဖွင့် အမှာစကားပြောကြားခဲ့ပြီး ဆက်လက်၍ အမျိုးသားစံချိန်စံညွှန်းကောင်စီ၏ အတွင်းရေးမှူး၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဉီးစီးဌာန၊ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာဖြူဖြူဝင်းမှ အမျိုးသား စံချိန်စံညွှန်းကောင်စီအစည်းအဝေး(၂/၂၀၂၂)၏ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေ များအားတင်ပြခြင်း၊ အများပြည်သူ သဘောထားမှတ်ချက်ရယူပြီးသည့် မြန်မာစံချိန်စံညွှန်း နောက်ဆုံး အဆင့် မူကြမ်း (၆၃)ခုအား မြန်မာစံချိန်စံညွှန်းအဖြစ် အတည်ပြုသတ်မှတ်နိုင်ရေးနှင့် ရွှေစံချိန်စံညွှန်း ရေးဆွဲရေး နည်းပညာ ဆပ်ကော်မတီအသစ်အတည်ပြုဖွဲ့စည်းနိုင်ရေးတင်ပြခြင်း၊ အဆိုပြုအဆင့် (Proposal Stage)နှင့် နည်းပညာဆပ်ကော်မတီအဆင့်တွင် ရေးဆွဲလျက်ရှိသည့် မြန်မာစံချိန်စံညွှန်း မူကြမ်း(၉၉)ခုအား ရှင်းလင်းဆွေးနွေးခြင်း၊ အသိအမှတ်ပြု (Accreditation) လုပ်ငန်း အကောင်အထည် ဖော် ဆောင်ရွက်ထားရှိအခြေအနေများနှင့် ဓာတ်ခွဲခန်း အသိအမှတ်ပြုခြင်း ဆိုင်ရာ ဆောင်ရွက်ပြီးစီးမှု များအား တင်ပြခြင်း၊ အရည်အသွေးကိုက်ညီမှု စစ်ဆေးရေးအဖွဲ့များ (CABs)များ အတွက် Registration နှင့် Designation ပြုလုပ်ခြင်း လုပ်ငန်းစဉ် များအပါအဝင် အမျိုးသား အဆင့် အရည်အသွေး ထောက်ခံချက်ထုတ်ပေးရေးအဖွဲ့ (National Certification Body) မှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ အမျိုးသားစံချိန်စံညွှန်းကောင်စီဝင်များသို့ ရှင်းလင်းတင်ပြခဲ့ပြီး အမျိုးသားစံချိန်စံညွှန်းကောင်စီဝင်များမှ မြန်မာစံချိန်စံညွှန်း နောက်ဆုံး အဆင့် မူကြမ်း (၆၃)ခုအား မြန်မာစံချိန်စံညွှန်းအဖြစ် အတည်ပြုသတ်မှတ်ခြင်းနှင့် ရွှေစံချိန်စံညွှန်းရေးဆွဲရေး နည်းပညာ ဆပ်ကော်မတီ အသစ် အတည်ပြုဖွဲ့စည်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။
အမျိုးသားစံချိန်စံညွှန်းကောင်စီအစည်းအဝေး(၁/၂၀၂၃)