၂၀၂၄ခုနှစ်၊ အောက်တိုဘာလ(၁၄)ရက်နေ့တွင် အမျိုးသားစံချိန်စံညွှန်းကောင်စီ အစည်းအဝေး (၁/၂၀၂၄)ကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ နေပြည်တော်၌ Hybrid စနစ်ဖြင့် ကျင်းပခဲ့ရာ အမျိုးသားစံချိန်စံညွှန်း ကောင်စီဝင်များဖြစ်ကြသော သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဒုတိယ ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ UMFCCI၊ မြန်မာနိုင်ငံ အင်ဂျင်နီယာ ကောင်စီ၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်နှင့် သက်ဆိုင်ရာနယ်ပယ်အသီးသီးရှိ ကျွမ်းကျင်ပညာရှင် များမှ အသီးသီး တက်ရောက်ခဲ့ကြပြီး အဆိုပါအစည်းအဝေးတွင် အမျိုးသားစံချိန်စံညွှန်းကောင်စီ ဥက္ကဋ္ဌဖြစ်သော သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဆက်လက်၍ အမျိုးသားစံချိန်စံညွှန်းကောင်စီ၏ အတွင်းရေးမှူး၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဉီးစီးဌာန၊ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာဖြူဖြူဝင်းမှ အမျိုးသား စံချိန်စံညွှန်းကောင်စီအစည်းအဝေး(၁/၂၀၂၃)၏ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား တင်ပြခြင်း၊ အများပြည်သူ သဘောထားမှတ်ချက်ရယူပြီးသည့် မြန်မာစံချိန်စံညွှန်း နောက်ဆုံးအဆင့် မူကြမ်း(၇၀)ခုအား မြန်မာစံချိန်စံညွှန်းအဖြစ် အတည်ပြုသတ်မှတ်နိုင်ရေး၊ စံချိန်စံညွှန်းရေးဆွဲရေး နည်းပညာဆပ်ကော်မတီများမှ အဆိုပြုအဆင့်၊ နည်းပညာဆပ်ကော်မတီ အဆင့်နှင့် Public comment အဆင့်တွင်ရှိသော မြန်မာစံချိန်စံညွှန်းမူကြမ်း(၈၆)ခုအား မှတ်တမ်းထား ရှိရန်တင်ပြခြင်း၊ မြန်မာစံချိန်စံညွှန်းများ ရောင်းချရာတွင် International၊Regional၊ WTO/TBT Agreement တို့နှင့် ကိုက်ညီစေရန် Soft Copy ဖြင့် ရောင်းချနိုင်ရေးတင်ပြခြင်း၊ ဝန်ကြီးဌာန အသီးသီး၏ အမျိုးသားအဆင့်အရည်အသွေးဆိုင်ရာ အခြေခံအဆောက်အအုံ ခိုင်မာအားကောင်းစေရေး အတွက် ဆောင်ရွက်ချက်များအားတင်ပြခြင်းတို့ကို အမျိုးသားစံချိန်စံညွှန်းကောင်စီဝင်များသို့ ရှင်းလင်း တင်ပြခဲ့ပြီး အမျိုးသားစံချိန်စံညွှန်းကောင်စီဝင်များမှ မြန်မာစံချိန်စံညွှန်း နောက်ဆုံးအဆင့်မူကြမ်း (၇၀)ခုအား မြန်မာစံချိန်စံညွှန်းအဖြစ် အတည်ပြုသတ်မှတ်ခြင်းနှင့် International ၊ Regional ၊ WTO/TBT Agreement နှင့် ကိုက်ညီစေရန်အတွက် မြန်မာစံချိန်စံညွှန်းများ Soft Copy ဖြင့် ရောင်းချ ခြင်းတို့ကို အတည်ပြုဆုံးဖြတ်ခဲ့ကြပါသည်။
အမျိုးသားစံချိန်စံညွှန်းကောင်စီအစည်းအဝေး(၁/၂၀၂၄)