အာဆီယံ နှင့် Standards Australia တို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် “Building Good Regulatory Practices in ASEAN” online seminarကို ၂၀၂၂ခုနှစ်၊ဇန်နဝါရီလ(၂၇)ရက်နေ့တွင် အွန်လိုင်းစနစ်ဖြင့်ကျင်းပခဲ့ရာ ACCSQ တာဝန်ခံဌာနဖြစ်သော သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့်အတူ စံချိန်စံညွှန်းဖွံ့ဖြိုးတိုးတက်ရေး ဌာနခွဲမှ တာဝန်ရှိသူ များ တက်ရောက်ခဲ့ကြပြီး “Good Regulatory Practices” ကို အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ဌာနများဖြစ်သော ကုန်သွယ်ရေးဦးစီးဌာန၊ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ အမှတ်(၃)အကြီးစား စက်မှုလုပ်ငန်း၊ စိုက်ပျိုးရေးဦးစီးဌာန၊မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန၊ ဟိုတယ်နှင့်ခရီး သွားလာရေးညွှန်ကြားမှုဦးစီးဌာန၊ သတ္တုတွင်းဦးစီးဌာန၊ အဆောက်အဦဦးစီးဌာန နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ အသီးသီးတက်ရောက်ခဲ့ကြပြီး သက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များမှ “Good Regulatory Practices” ကို အာဆီယံ အသိုက်အဝန်းအတွင်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးဆိုင်ရာ အကြောင်းအရာများကို တက်ရောက်လာသူများ သိရှိနိုင်ရန်အတွက် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးမှုများပြုလုပ် ခဲ့ကြပါသည်။
“Building Good Regulatory Practices in ASEAN” Online Seminar ပြုလုပ်ခြင်း