အာဆီယံဒေသတွင်း အရည်အသွေးအခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးအတွက် PTBမှကြီးမှူး၍ “Economic Benefits of Standards” Online Seminar ကို ၂၀၂၁ခုနှစ်၊ ဇူလိုင်လ ၆ရက်နေ့မှ ၈ရက်နေ့အထိကျင်းပခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် သုတေသနနှင့်တီထွင်ဆန်းသစ်မှုဉီးစီး ဌာနမှ ACCSQ နှင့် WG1 အဖွဲ့ဝင်များအပြင် အဆောက်အဉီဉီးစီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေး ဉီးစီးဌာန၊ ကုန်သွယ်ရေး ဉီးစီးဌာနနှင့်စားသုံးသူရေးရာဉီးစီးဌာနတို့မှ အခြားသောအာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်များနှင့်အတူ တက်ရောက်ခဲ့ကြပြီး သက်ဆိုင်ရာ ISO၊IECနှင့်PTB ကျွမ်းကျင် ပညာရှင်များမှ စီးပွားရေးတွင် စံချိန်စံညွှန်းများ၏ အကျိုးသက်ရောက်မှုများ၊ ဒေသတွင်း ကုန်သွယ်ရေး တွင် စံချိန်စံညွှန်းများ၏ အသုံးချမှုအခြေအနေများ နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ကြပြီး သက်ဆိုင်ရာအာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်အသီးသီးကလည်း အုပ်စုတွင်းဆွေးနွေးမှုများနှင့်အတူ နိုင်ငံအလိုက်အပြန်အလှန်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပါသည်။
Online Seminar on Economic Benefits of Standards