အဖွဲ့အစည်းဆိုင်ရာ ကျား၊ မ တန်းတူညီမှုရှိရေး လှုပ်ရှားမှုအစီအစဉ် ဖွံ့ဖြိုးတိုးတက်စေရန် ဒေသဆိုင်ရာ အလုပ်ရုံဆွေးနွေး ပွဲကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၂၉)ရက်နေ့မှ ဒီဇင်ဘာလ (၁)ရက်နေ့အထိ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် ISO မှ ကြီးမှူး၍ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း (၁၅) နိုင်ငံမှ ကိုယ်စားလှယ် ( ၃၀) ဉီး တက်ရောက်ခဲ့ကြပါသည်။ အဆိုပါဆွေးနွေးပွဲတွင် ISO အဖွဲ့ဝင်နိုင်ငံများအနေဖြင့် မိမိတို့၏ အဖွဲ့အစည်းများတွင် အမျိုးသား ရေးဆိုင်ရာ ကျား၊ မ တန်းတူညီမှုရှိရေး လှုပ်ရှားမှုအစီအစဉ် National Gender Action Plan (GAP) အား အကောင်အထည်ဖော်ရာတွင် ရေရှည်စွမ်းဆောင်ရည်မြှင့်တင်နိုင်ရန်အတွက် အမျိုးသား စံချိန်စံညွှန်းအဖွဲ့များ၏ GAP အသိပညာဆိုင်ရာများကို ဆွေးနွေးခဲ့ကြပါသည်။
Regional Workshop to develop an organizational Gender Action Plan