Seminar on the result of JICA Verification Survey for Formulation of Rice Moisture Content Traceability System in Myanmar အခမ်းအနားကို ၂၀၁၉ ခုနှစ်၊ မေလ (၂၁) ရက်နေ့၊ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်း ရှိ ပညာရေးဝန်ကြီးဌာန၊ တိကျစွာတိုင်းတာခြင်းနည်းပညာသိပ္ပံ (မြန်မာ)၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ကျင်းပပါသည်။
အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းခိုင်မိုး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်မောင်း၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဌ ဦးရဲမင်းအောင်၊ ဒုတိယ ဥက္ကဌ ဒေါက်တာမျိုးအောင်ကျော်နှင့် တာဝန်ရှိသူများ၊ JICA မှတာဝန်ရှိသူများ၊ ဂျပန်နိုင်ငံ KETT Electric Laboratory မှ တာဝန်ရှိသူများ၊ Japan Development Service (JDS) မှ တာဝန်ရှိသူများ၊ တိကျစွာတိုင်းတာခြင်းနည်းပညာသိပ္ပံ (မြန်မာ) မှ တာဝန်ရှိသူများ၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိ သူများ၊ ဖိတ်ကြားထားသူများတက်ရောက်ကြပါသည်။
အခမ်းအနားတွင် သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းခိုင်မိုး၊ စားသုံးသူရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်မောင်း၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဌ ဦးရဲမင်းအောင် နှင့် JICA မှ မြန်မာနိုင်ငံကိုယ်စားလှယ်တို့က နှုတ်ခွန်းဆက်အမှာစကားများ ပြောကြားကြပါသည်။
ဆက်လက်၍ တိကျစွာတိုင်းတာခြင်းနည်းပညာသိပ္ပံ (မြန်မာ) နှင့် စားသုံးသူရေးရာဦးစီးဌာနတို့မှ တာဝန်ရှိသူတို့ကို JICA အကူအညီဖြင့် ဆန်စပါးတွင်ပါဝင်သည့်အစိုဓာတ်တိုင်းကိရိယာများကို တိုင်းတာ စမ်းသပ်သည့် တိုင်းတာခန်း တည်ထောင်ထားရှိပြီးမှုအခြေအနေများ၊ ဆန်စပါးတွင်ပါဝင်သည့် အစိုဓာတ်တိုင်းကိရိယာများအတွက် စဉ်ဆက်မပြတ်စံဖြင့်တိုက်ကြည့်စစ်ဆေးသည့်စနစ်ထူထောင်ထားရှိ မည့်အခြေအနေများကို ရှင်းလင်းတင်ပြကြပါသည်။
ထို့နောက် KETT Electric Laboratory နှင့် Japan Development Service (JDS) တို့မှ တာဝန်ရှိသူများ က မြန်မာနိုင်ငံတွင် ဆန်စပါးတွင်ပါဝင်သည့်အစိုဓာတ်တိုင်းကိရိယာများအသုံးပြုနေမှုအခြေအနေများ၊ ကွင်းဆင်းလေ့လာတွေ့ရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး၊ တက်ရောက်လာသူများက သိရှိလို သည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားကြပါသည်။
ဆန်စပါးတွင်ပါဝင်သည့်အစိုဓာတ်တိုင်းကိရိယာများကို တိုင်းတာစမ်းသပ်သည့်တိကျမှုအမြင့်ဆုံး အဆင့်ရှိ တိုင်းတာခန်းကို ပညာရေးဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ တိကျစွာ တိုင်းတာခြင်းနည်းပညာသိပ္ပံ (မြန်မာ) တွင် JICA အကူအညီဖြင့်တည်ထောင်ထားရှိပြီး၊ စားသုံးသူရေးရာ ဦးစီးဌာန၊ ကုန်ပစ္စည်းအရည်အသွေးနှင့် စမ်းသပ်စစ်ဆေးရေးဌာနခွဲ (လှည်းကူး) ၌ ဒုတိယစံ အတိုင်းအတာအဆင့်ရှိ တိုင်းတာခန်းကို တည်ထောင် ထားရှိပြီးဖြစ်ပါသည်။
ထို့ပြင် ဆန်စပါးတွင်ပါဝင်သည့် အစိုဓာတ်တိုင်းကိရိယာများအတွက် ကွင်းဆက်မပြတ်စံဖြင့်တိုက်ကြည့် စစ်ဆေးသည့်စနစ်ထူထောင်ထားရှိရေးအတွက် အသိပညာပေးဟောပြောပွဲများကိုလည်း နေပြည်တော် (ရေဆင်း)၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး နှင့် ဧရာဝတီတိုင်းဒေသကြီးများရှိ မြို့များတွင် တောင်သူလယ်သမားများ၊ ဆန်စက်လုပ်ငန်းရှင်များ၊ ဆန်စပါးကုန်သည်များ၊ စားသုံးသူရေးရာဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန တို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံပြုလုပ်ကျင်းပခဲ့ပါသည်။



