စံချိန်စံညွှန်းလုပ်ငန်းကော်မတီ(၁/၂၀၂၃)အစည်းအဝေးကို ၂၀၂၃ခုနှစ်၊ မေလ(၃၀)ရက်နေ့တွင် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၊ နေပြည်တော်၌ ကျင်းပခဲ့ရာ အဆိုပါအစည်းအဝေးသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာမျိုးသိန်းကျော် တက်ရောက်၍ အဖွင့် အမှာစကားပြောကြားခဲ့ပြီး ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့်အတူ စံချိန်စံညွှန်းလုပ်ငန်း ကော်မတီဝင်များ အသီးသီးတက်ရောက်ခဲ့ကြပြီး စံချိန်စံညွှန်းလုပ်ငန်းကော်မတီဥက္ကဋ္ဌဖြစ်သော သုတေသနနှင့်တီထွင်ဆန်းသစ်မှုဉီးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာဖြူဖြူဝင်းမှ အမျိုးသား အရည်အသွေးဆိုင်ရာ အခြေခံအဆောက်အအုံ ခိုင်မာအားကောင်းစေရေးအတွက် ဆောင်ရွက်မှု အခြေအနေများကိုလည်းကောင်း၊ နည်းပညာဆပ်ကော်မတီများမှ အဆိုပြုစံချိန်စံညွှန်းများ၊ ရေးဆွဲ လျက်ရှိသည့် စံချိန်စံညွှန်းမူကြမ်းများ၊ ကော်မတီအဆင့်ဆွေးနွေးပြီး၍ အများပြည်သူသဘောထား မှတ်ချက် ရယူပြီးသည့် စံချိန်စံညွှန်းမူကြမ်းများနှင့်ပတ်သက်၍ လည်းကောင်း၊ ရွှေအလေးချိန် စံချိန်စံညွှန်းရေးဆွဲရေး နည်းပညာဆပ်ကော်မတီအသစ်ထပ်မံဖွဲ့စည်းရန်အဆိုပြုခြင်းကိုလည်းကောင်း၊ ASEAN Harmonized Standards များမှ CASCO’s Standards များကို စံချိန်စံညွှန်းလုပ်ငန်း ကော်မတီ၏ သဘောတူညီမှုရယူ၍ မြန်မာစံချိန်စံညွှန်းများအဖြစ် ချမှတ်နိုင်ရေးများအပါအဝင် စံပြုအရည်အသွေးထောက်ခံချက်ထုတ်ပေးရေးအဖွဲ့ (Model Certification Body) တစ်ခု တည်ထောင်ရေးအတွက် အသိပညာပေးဆောင်ရွက်မှုအခြေအနေများကိုလည်းကောင်း အမျိုးသား စံချိန်စံညွှန်းနှင့်အရည်အသွေးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များမှ စံချိန်စံညွှန်းလုပ်ငန်းကော်မတီဝင်များထံသို့ အသီးသီးတင်ပြဆွေးနွေးမှုများပြုလုပ်ခဲ့ကြပြီး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အသင်းအဖွဲ့များမှ ကော်မတီဝင်များအပါအဝင် အမျိုးသားစံချိန်စံညွှန်းနှင့်အရည်အသွေးဌာနမှ တာဝန်ရှိသူများ စုစုပေါင်း (၄၀)ဦးခန့်တက်ရောက်ခဲ့ကြပါသည်။
စံချိန်စံညွှန်းလုပ်ငန်းကော်မတီ(၁/၂၀၂၃)အစည်းအဝေး(၂၀၂၃ခုနှစ်၊မေလ ၃၀ရက်)