မြန်မာနိုင်ငံ၏ အမျိုးသားအဆင့်အရည်အသွေးဆိုင်ရာ အခြေခံအဆောက်အအုံကို တည်ဆောက်ရာတွင် အဓိကမဏ္ဍိုင်(၃)ရပ်ဖြစ်သော စံချိန်စံညွှန်းသတ်မှတ်ခြင်း၊ အသိအမှတ်ပြုခြင်းနှင့် တိကျစွာတိုင်းတာခြင်း နည်းပညာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တာဝန်ယူဆောင်ရွက်လျှက်ရှိသော ပညာရေးဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ အမျိုးသားစံချိန်စံညွှန်းနှင့်အရည်အသွေးဌာနမှ အရာထမ်း(၈)ဉီးသည် နိုင်ငံတကာအတွေ့အကြုံများကို လေ့လာနိုင်ပြီး မိမိတို့နိုင်ငံတွင် အမျိုးသားအဆင့်အရည်အသွေး အခြေခံ အဆောက်အအုံကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန်အတွက် Physikalisch- Technische Bundesanstalt(PTB) နှင့် သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျှက် ရှိသော စီမံကိန်းဖြစ်သော “Strengthening Quality Infrastructure in Myanmar” ၏ မူဘောင်အတွင်း ထောက်ပံ့မှုအစီအစဉ်အရ ဖင်လန်နိုင်ငံ၊ Helsinki မြို့ရှိ QI Institution များသို့ (၂၀၁၉)ခုနှစ်၊ အောက်တိုဘာလ(၄)ရက်နေ့မှ (၁၂)ရက်နေ့အထိ လေ့လာရေးခရီးသွားရောက်ခဲ့ပါသည်။ အဆိုပါ လေ့လာခရီးတွင် QI Institution များဖြစ်သော VTT National Metrology Institute MIKES သို့(၇.၁၀.၂၀၁၉) ရက်နေ့တွင် လည်းကောင်း၊ Finish Accreditation Services (FINAS)သို့ (၈.၁၀.၂၀၁၉)ရက်နေ့တွင် လည်းကောင်း၊ Finish Standards Association(SFS) သို့ (၉.၁၀.၂၀၁၉)ရက်နေ့တွင်လည်းကောင်း၊ Finnish Food Authority, Laboratory and Research Division သို့ (၁၀.၁၀.၂၀၁၉)ရက်နေ့တွင်လည်းကောင်း၊ Finnish Safety and Chemicals Agency (TUKES) for legal metrology and market surveillance သို့ (၁၁.၁၀.၂၀၁၉)ရက်နေ့တွင်လည်းကောင်း သွားရောက်ခဲ့ပါသည်။
Day 1 . (၇.၁၀.၂၀၁၉)ရက်နေ့တွင်VTT National Metrology Institute MIKES သို့ သွားရောက်လေ့လာခြင်း
Day 2. (၈.၁၀.၂၀၁၉)ရက်နေ့တွင် Finish Accreditation Services(FINAS) သို့ သွားရောက်လေ့လာခြင်း
Day 3. (၉.၁၀.၂၀၁၉)ရက်နေ့တွင် Finish Standards Association(SFS) သို့ သွားရောက်လေ့လာခြင်း
Day 4. (၁၀.၁၀.၂၀၁၉)ရက်နေ့တွင် Study Visit to Finish Food Authority, Laboratory and Research Division သို့ သွားရောက်လေ့လာခြင်း
Day 5. (၁၁.၁၀.၂၀၁၉)ရက်နေ့တွင် legal metrology နှင့် market surveillance အတွက် Finnish Safety and Chemicals Agency (TUKES) သို့ သွားရောက်လေ့လာခြင်း