(၄၅)ကြိမ်မြောက် အာဆီယံစံချိန်စံညွှန်းနှင့် အရည်အသွေးဆိုင်ရာအတိုင်ပင်ခံကော်မတီ လက်အောက်ရှိ လုပ်ငန်းအဖွဲ့(၁) စံချိန်စံညွှန်းရေးဆွဲသတ်မှတ်ခြင်းဆိုင်ရာ အစည်းအဝေးကို ၂၀၂၁ခုနှစ်၊ မေလ(၂၄) ရက်နေ့မှ (၂၅)ရက်နေ့ထိကျင်းပခဲ့ပြီး အဆိုပါအစည်းအဝေးတွင် မိတ်ဖက်အဖွဲ့အစည်းများနှင့် ဆွေးနွေးမှုများကိုပါ အာဆီယံအတွင်းရေးမှူးမှကြီးမှူး၍ video conference ဖြင့် ပြုလုပ် ကျင်းပခဲ့ပါသည်။
အစည်းအဝေးတွင် အာဆီယံနိုင်ငံများဖြစ်သော ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ အာဆီယံ အတွင်းရေးမှူးရုံးမှ အဖွဲ့ဝင်များ၊ ဆွေးနွေးဖက်နိုင်ငံအဖွဲ့အစည်းများဖြစ်သည့် ဂျပန်၊ EU ၊ PTB၊ ISO၊ IEC တို့မှ ကိုယ်စားလှယ်များ ပါဝင်ဆွေးနွေးမည်ဖြစ်ပြီး မြန်မာနိုင်ငံကိုယ်စားလှယ်အနေဖြင့် အမျိုးသားစံချိန်စံညွှန်းနှင့် အရည်အသွေးဌာန၊စံချိန်စံညွှန်းဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲမှ တာဝန်ခံနှင့်အတူ သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးအစီအစဉ်အရ
- (၄၄)ကြိမ်မြောက်အစည်းအဝေးမှလုပ်ဆောင်မည့်အချက်များကိုဆွေးနွေးတင်ပြခြင်း
- JSC EEE’s အစည်းအဝေးမှ EEE စံချိန်စံညွှန်းအသစ်များကို အာဆီယံတစ်ပြေးညီ စံချိန်စံညွှန်းများအဖြစ် ချမှတ်နိုင်ရန် ဆောင်ရွက်ခြင်း
- လျှပ်စစ်နှင့်အီလက်ထရောနစ်ဦးစားပေးထုတ်ကုန်အမျိုး(၂၀)အတွက် လိုအပ်သော စံချိန်စံညွှန်း များ တစ်ပြေးညီချမှတ်နိုင်ရေး ဆွေးနွေးခြင်း
- လုပ်ငန်းအဖွဲ့ငယ်အသီးသီးမှ ရလဒ်များကိုအခြေခံပြီး သက်ဆိုင်ရာစံချိန်စံညွှန်းများကို အာဆီယံနိုင်ငံများအကြား တစ်ပြေးညီချမှတ်နိုင်ရေး ဆွေးနွေးခြင်း
- မိတ်ဖက်ဖွံ့ဖြိုးတိုးတက်မှုအဖွဲ့အစည်းများဖြစ်သည့် (EU ARISE PLUS, Japan, PTB, ISO နှင့် IEC) အာဆီယံနိုင်ငံများအကြား (WG1) နှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်မည့်လုပ်ငန်းစဉ် များအား ဆွေးနွေးညှိနှိုင်းခြင်းများကိုပြုလုပ်ခဲ့ကြပါသည်။
The 45th Meeting of the ASEAN Consultative Committee for Standards and Quality – Working Group on Standards (ACCSQ – WG 1) on 24-25 May 2021