(၄၆)ကြိမ်မြောက် အာဆီယံစံချိန်စံညွှန်းနှင့် အရည်အသွေးဆိုင်ရာအတိုင်ပင်ခံကော်မတီ လက်အောက်ရှိ လုပ်ငန်းအဖွဲ့(၁) စံချိန်စံညွှန်းရေးဆွဲသတ်မှတ်ခြင်းဆိုင်ရာ အစည်းအဝေးကို ၂၀၂၁ခုနှစ်၊ နိုဝင်ဘာလ(၉) ရက်နေ့မှ (၁၀)ရက်နေ့အထိ အာဆီယံအတွင်းရေးမှူးမှကြီးမှူး၍ virtual conference စနစ်ဖြင့် ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးတွင် အာဆီယံနိုင်ငံများဖြစ်သော ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး အာဆီယံဆွေးနွေးဖက် အဖွဲ့အစည်းများဖြစ်သည့် EU ARISE PlUS, IEC, Japan (METI)နှင့် (PTB-Germany)တို့မှ ပါဝင်ဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံကိုယ်စားလှယ်အနေဖြင့် အမျိုးသားစံချိန်စံညွှန်းနှင့် အရည်အသွေးဌာန၊စံချိန်စံညွှန်းဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲမှ တာဝန်ခံနှင့်အတူ သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးတွင်
· (၄၅)ကြိမ်မြောက်အစည်းအဝေးမှလုပ်ဆောင်ခဲ့သည့်အချက်များကိုပြန်လည်ဆွေးနွေးခြင်း
· အာဆီယံဒေသတွင်း စီးပွားရေးပူးပေါင်းဆောင်ရွက်မည့် အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးအတည်ပြုခြင်း
· အာဆီယံထုတ်ကုန်လုပ်ငန်းအဖွဲ့များမှ သတ်မှတ်ထားသည့် စံချိန်စံညွှန်းများ တစ်ပြေးညီ ချမှတ်နိုင်ရန်အတွက် ဆွေးနွေးခြင်း
· ACCSQ မှသတ်မှတ်မည့် နယ်ပယ်အသစ်များအတွက် စံချိန်စံညွှန်းများ တစ်ပြေးညီချမှတ်နိုင်ရန် ဆွေးနွေးခြင်း
· အာဆီယံနှင့်ဆွေးနွေးဖက်အဖွဲ့အစည်းများ ဆွေးနွေးခြင်း