(၅၂)ကြိမ်မြောက် အာဆီယံစံချိန်စံညွှန်းနှင့် အရည်အသွေးဆိုင်ရာအတိုင်ပင်ခံကော်မတီ လက်အောက်ရှိ လုပ်ငန်းအဖွဲ့(၁) စံချိန်စံညွှန်းရေးဆွဲသတ်မှတ်ခြင်းဆိုင်ရာ အစည်းအဝေးကို ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ(၂၃)ရက်နေ့မှ (၂၄)ရက်နေ့အထိ အာဆီယံအတွင်းရေးမှူးမှ ကြီးမှူး၍ ဗွီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအစည်းအဝေးတွင် အာဆီယံ နိုင်ငံများ ဖြစ်သည့် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် အာဆီယံ ဆွေးနွေးဖက် အဖွဲ့အစည်း များဖြစ်သည့် PTB (Germany) နှင့် METI (Japan) EU ARISE PLUS တို့မှ တာဝန်ရှိသူ များနှင့်အတူ ဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံကိုယ်စားလှယ်အနေဖြင့် (WG1-ACCSQ) တာဝန်ခံဌာနဖြစ်သည့် အမျိုးသားစံချိန်စံညွှန်းနှင့်အရည်အသွေးဌာန၊ စံချိန်စံညွှန်းဖွံ့ဖြိုးတိုးတက်ရေး ဌာနခွဲမှ တာဝန်ခံနှင့် အရာထမ်း ကိုယ်စားလှယ် (၃)ဦး ပါဝင်တက်ရောက်ဆွေးနွေးခဲ့ပါသည်။
အစည်းအဝေးတွင်
- (၅၁)ကြိမ်မြောက်အစည်းအဝေးမှ လုပ်ဆောင်ခဲ့သည့် အချက်အလက်များကို ပြန်လည် ဆွေးနွေးခြင်း
- အာဆီယံထုတ်ကုန်လုပ်ငန်းအဖွဲ့များမှ တင်ပြခဲ့သည့် တစ်ပြေးညီ စံချိန်စံညွှန်းများအား အာဆီယံနိုင်ငံများမှ update ပြုလုပ်ခြင်း
- အာဆီယံဒေသတွင်းရှိ နိုင်ငံများအချင်းချင်း စံချိန်စံညွှန်းချမှတ်ရေး လုပ်ဆောင်နိုင်ရန် အတွက် သတင်းအပြန်အလှန်ဖလှယ်ရယူနိုင်ရေးတို့အပါအဝင်
- အာဆီယံဆွေးနွေးဖက်အဖွဲ့အစည်းများနှင့်ဆွေးနွေးခြင်း အစီအစဉ်များ ဆောင်ရွက်ခဲ့ကြ ပါသည်။
(၅၂)ကြိမ်မြောက် အာဆီယံစံချိန်စံညွှန်းနှင့် အရည်အသွေးဆိုင်ရာ အတိုင်ပင်ခံ ကော်မတီ လက်အောက်ရှိ လုပ်ငန်းအဖွဲ့(၁) စံချိန်စံညွှန်းရေးဆွဲ သတ်မှတ်ခြင်းဆိုင်ရာ အစည်းအဝေး