(၆၀)ကြိမ်မြောက် အာဆီယံစံချိန်စံညွှန်းနှင့်အရည်အသွေးဆိုင်ရာ အတိုင်ပင်ခံကော်မတီအစည်းအဝေး ကို ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(၆-၇)ရက်နေ့နှင့်(၁၂)ရက်နေ့အထိ အာဆီယံအတွင်းရေးမှူးမှကြီးမှူး၍ virtual mode စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အစည်းအဝေးတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ အာဆီယံ အတွင်းရေးမှူးရုံးမှ အဖွဲ့ဝင်များ၊ ဆွေးနွေးဖက်အဖွဲ့အစည်းများဖြစ်သည့် Australia, EU ARISE PLUS, Japan နှင့် PTB တို့မှပါဝင်ဆွေးနွေးခဲ့ကြပြီး အာဆီယံစံချိန်စံညွှန်းနှင့် အရည်အသွေးဆိုင်ရာ အတိုင်ပင်ခံ ကော်မတီ၏ မြန်မာနိုင်ငံကိုယ်စားလှယ်အနေဖြင့် သုတေသနနှင့်တီထွင်ဆန်းသစ်မှုဉီးစီးဌာနအောက်ရှိ အမျိုးသားစံချိန်စံညွှန်းနှင့်အရည်အသွေးဌာနမှ ညွှန်ကြားရေးမှူး(တာဝန်ခံ)နှင့်အတူ သက်ဆိုင်ရာ ဌာနခွဲမှူးများမှ online မှတစ်ဆင့် အသီးသီး တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးအစီအစဉ်အရ
- (၅၉)ကြိမ်မြောက်အစည်းအဝေးမှ လုပ်ဆောင်မည့်အချက်များကိုဆွေးနွေးတင်ပြခြင်း
- အာဆီယံ သဘောတူညီချက်မူဘောင်အရ သက်ဆိုင်ရာကဏ္ဍများတွင် အပြန်အလှန်လက်ခံ အသိအမှတ်ပြု လက်မှတ်ရေးထိုးပြီးစီးမှု အခြေအနေများ
- အာဆီယံနိုင်ငံများတွင် စံချိန်စံညွှန်းများ တစ်ပြေးညီရေးဆွဲချမှတ်နိုင်ရေး
- နယ်ပယ်သစ်များတွင် တစ်ပြေးညီစံချိန်စံညွှန်းများ ချမှတိနိုင်ရေး ဆွေးနွေးခြင်း
- ACCSQလုပ်ငန်းအဖွဲ့များနှင့်ထုတ်ကုန်လုပ်ငန်းအဖွဲ့များမှ ဆောင်ရွက်ပြီးစီးမှုအခြေအနေများ
- မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်အစီအစဉ်များ ဆွေးနွေးခြင်းများကို ပြုလုပ်ခဲ့ကြပါသည်။


60th Meeting of the ASEAN Consultative Committee for Standards and Quality (ACCSQ) (6-7&12 December, 2023)