The 7th ASEAN Trade in Goods Agreement (ATIGA) WG STRACAP အစည်းအဝေး အား ၂၀၂၄ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့မှ ၁၂ ရက်နေ့တွင် ASEAN အတွင်းရေးမှူးချုပ်ရုံးတွင် Hybrid စနစ်ဖြင့် ကျင်းပခဲ့ပါသည်။အဆိုပါ အစည်းအဝေးတွင် အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ ကိုယ်စားလှယ်များ၊ အာဆီယံ အတွင်းရေးမှူးရုံးမှ အဖွဲ့ဝင်များနှင့်အတူ သုတေသနနှင့် တီထွင် ဆန်းသစ်မှုဦးစီးဌာန၊ အမျိုးသားစံချိန်စံညွှန်းနှင့်အရည်အသွေးဌာနမှ မြန်မာနိုင်ငံ ကိုယ်စားလှယ် အနေဖြင့် Virtual Mode စနစ်မှ တဆင့် တက်ရောက်ဆွေးနွေးခဲ့ပါသည်။ အစည်းအဝေး တွင် ASEAN Trade in Goods Agreement ၏ Chapter များအနက် STRACAP Chapter အား WG STRACAP မှ ဆွေးနွေးခဲ့ပြီး ဆက်လက်ကျန်ရှိနေသည့် Article များကိုလည်း နောက်လာမည့် အစည်းအဝေးများတွင် ဆက်လက် ဆွေးနွေးသွားမည် ဖြစ်ပါ သည်။
The 7th ASEAN Trade in Goods Agreement (ATIGA) WG STRACAP အစည်းအဝေး မှတ်တမ်း တင်ဓာတ်ပုံ