အာဆီယံအတွင်းရေးမှူးမှကြီးမှူး၍ (၅၅)ကြိမ်မြောက် အာဆီယံစံချိန်စံညွှန်းနှင့် အရည်အသွေး ဆိုင်ရာ အတိုင်ပင်ခံကော်မတီအစည်းအဝေးကို ၂၀၂၁ပြည့်နှစ်၊ ဇွန်လ(၁၅)ရက်နေ့မှ (၁၆)ရက် နေ့အထိ နှင့် မိတ်ဖက်အဖွဲ့အစည်းများနှင့် ဆွေးနွေးမှုအား ၂၀၂၁ပြည့်နှစ်၊ ဇွန်လ (၁၇)ရက်နေ့တို့တွင် video conference ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် အာဆီယံနိုင်ငံများဖြစ်သော ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ အာဆီယံ အတွင်းရေးမှူးရုံးမှ အဖွဲ့ဝင်များ၊ ဆွေးနွေးဖက်နိုင်ငံအဖွဲ့အစည်း PTB၊ အမေရိကန် နှင့် ISOတို့မှ ကိုယ်စားလှယ်များ ပါဝင်ဆွေးနွေးခဲ့ကြပြီး အာဆီယံ စံချိန်စံညွှန်းနှင့် အရည်အသွေး ဆိုင်ရာ အတိုင်ပင်ခံ ကော်မတီ၏ မြန်မာနိုင်ငံကိုယ်စားလှယ်အနေဖြင့် သုတေသနနှင့် တီထွင်ဆန်းသစ်မှုဉီးစီးဌာနမှ ခေတ္တညွှန်ကြားရေးမှူးချုပ်နှင့်အတူ အမျိုးသားစံချိန်စံညွှန်းနှင့် အရည် အသွေးဌာနမှ ညွှန်ကြားရေးမှူး (တာဝန်ခံ)နှင့် သက်ဆိုင်ရာဌာနမှူးများ online မှတစ်ဆင့် တက်ရောက် ပါဝင်ဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးအစီအစဉ်အရ
- (၅၄)ကြိမ်မြောက်အစည်းအဝေးမှ လုပ်ဆောင်မည့်အချက်များကိုဆွေးနွေးတင်ပြခြင်း
- အာဆီယံ သဘောတူညီချက်မူဘောင်အရ သက်ဆိုင်ရာကဏ္ဍများတွင် အပြန်အလှန်လက်ခံ အသိအမှတ်ပြု လက်မှတ်ရေးထိုးပြီးစီးမှု အခြေအနေများ
- အာဆီယံနိုင်ငံများတွင် စံချိန်စံညွှန်းများ တစ်ပြေးညီရေးဆွဲချမှတ်နိုင်ရေး
- အာဆီယံစံချိန်စံညွှန်းနှင့် အရည်အသွေးကိုက်ညီမှုစစ်ဆေးခြင်း မဟာဗျူဟာ ၂၀၁၆-၂၀၂၅ အပေါ် ဆောင်ရွက်နိုင်မှုများကို ပြန်လည်သုံးသပ်ခြင်း
- ACCSQလုပ်ငန်းအဖွဲ့များနှင့်ထုတ်ကုန်လုပ်ငန်းအဖွဲ့များမှ တင်ပြလာသည့်တိုးတက်မှုများ
- လွတ်လပ်သောကုန်သွယ်ရေးဒေသ ထူထောင်ရန်အတွက် အာဆီယံနှင့် ချိတ်ဆက် လုပ်ဆောင် နေသည့် မိတ်ဖက်နိုင်ငံများနှင့်ဆွေးနွေးမှုများအပြင် အခြားသောကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်မည့်အစီအစဉ်များ ဆွေးနွေးခြင်းများကို ပြုလုပ်ခဲ့ကြပါသည်။
The Fifty Fifth (55th) Meeting of the ASEAN Consultative Committee for Standards and Quality (ACCSQ)