American Society for Testing and Materials (ASTM)မှဦးဆောင်၍ the role of additive manufacturing in PPE shortage mitigation webinar ကို ၂၀၂၂ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၃)ရက်နေ့တွင် အွန်လိုင်းစနစ်ဖြင့်ကျင်းပခဲ့ပြီး အဆိုပါ webinarသို့ သုတေသနနှင့်တီထွင် ဆန်းသစ်မှုဦးစီးဌာန၊ စံချိန်စံညွှန်းဖွွံ့ဖြိုးတိုးတက်ရေးဌာနခွဲမှ တာဝန်ရှိသူများနှင့်အတူ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန စက်မှုပူးပေါင်း ဆောင်ရွက်ရေးဦးစီးဌာန၊ အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီနှင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်တို့မှ ကိုယ်စားလှယ်များ စုစုပေါင်း(၂၀)ဦးခန့်တက်ရောက်ခဲ့ကြပြီး ASTM နှင့် US(FDA) ကျွမ်းကျင်ပညာရှင်များမှ ASTMနောက်ခံသမိုင်းနှင့်သုတေသနပြုလုပ်ပုံများ၊ အစိုးရ၊ စက်ရုံများ နှင့် တက္ကသိုလ်များ နှင့် ပူးပေါင်းဆောင်ရွက်မှုများ၊PPEထုတ်လုပ်ပုံဒီဇိုင်းများနှင့်စမ်းသပ်ပြုလုပ်ပုံများအပြင် Covid ၁၉ ကာလအတွင်း PPE ပြတ်တောက်မှုပြဿနာများကို လျော့ချဖြေရှင်းနိုင်မည့်နည်းလမ်းများကို တက်ရောက်လာသူများသို့ အသေးစိတ်ဆွေးနွေးတင်ပြမှုများ ပြုလုပ်ခဲ့ကြပါသည်။
The Role of Additive Manufacturing in PPE Shortage Mitigation Webinar (23 February, 2022)