ဆေးဝါးထုတ်ကုန်များ အရည်အသွေးထောက်ခံချက်လက်မှတ် ထုတ်ပြန်ရေးနှင့်ပတ်သက်သည့် အာဆီယံစံချိန်စံညွှန်းနှင့်အရည်အသွေးဆိုင်ရာအတိုင်ပင်ခံကော်မတီ၏ အထူးအစည်းအဝေးကို အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကြီးမှူး၍ ၂၀၂၁ခုနှစ်၊ ဩဂုတ်လ(၂၃)ရက်နေ့တွင် video conference ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးတွင် (၅၅)ကြိမ်မြောက် အာဆီယံစံချိန်စံညွှန်းနှင့်အရည်အသွေးဆိုင်ရာ အတိုင်ပင်ခံ ကော်မတီ အစည်းအဝေးတွင် ဆွေးနွေးခဲ့သော Follow up Action Agenda Item 4.1အရ Certificate of Pharmaceutical Product(CPP) issue of Vietnam၏ Circular 32/2018 proposed ပြုလုပ်ထားသည့် Additional Requirements လိုအပ်ချက်နှင့်ပတ်သက်၍ ACCSQ ၏ တာဝန်ခံဌာနဖြစ်သော သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့်အတူ အမျိုးသားစံချိန်စံညွှန်းနှင့်အရည်အသွေးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များအပါအဝင် မြန်မာနိုင်ငံ၏ PPWG တာဝန်ခံလုပ်ငန်းဌာနဖြစ်သည့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ သက်ဆိုင်ရာ ကိုယ်စားလှယ်များမှ တက်ရောက်ဆွေးနွေးမှုများပြုလုပ်ခဲ့ကြပါသည်။