မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အထူးရံပုံငွေ စီမံကိန်းအရ The Trainers and Lead Auditors Training on ISO/IEC 17065:2012, ISO/IEC 17020:2012, ISO/IEC 17021:2015 Series သင်တန်းကို ၂၀၂၄ခုနှစ်၊အောက်တိုဘာလ(၂၉)ရက်နေ့မှ နိုဝင်ဘာလ(၄)ရက်နေ့အထိ တိကျစွာတိုင်းတာခြင်းနည်းပညာသိပ္ပံ(မြန်မာ)၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ရန်ကုန် မြို့၌ ကျင်းပပြုလုပ်ခဲ့ရာ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် သုတေသနနှင့်တီထွင်ဆန်းသစ်မှု ဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာဖြူဖြူဝင်း တက်ရောက်၍ သင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ် ချက်များနှင့်စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြားခြင်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံရုံး၊ Counselor Mr. Ouyang Daobing နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ Development Research Center of China State Administration for Market Regulation(SAMR)၊ Deputy Director General ၊ Ms. Chen Yunhua နှင့် International Cooperation Division Director (SAMR) ၊ Ms. Xu Jin တို့မှလည်း သင်တန်းဖွင့်ပွဲအထိမ်းအမှတ် အမှာစကားများပြောကြားခဲ့ကြပါသည်။ အဆိုပါသင်တန်းသို့ လာအိုနိုင်ငံ ၊ ကမ္ဘောဒီးယားနိုင်ငံ၊ မြန်မာနိုင်ငံမှဆက်စပ်ဝန်ကြီးဌာနများနှင့်သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ သင်တန်းသား ကိုယ်စားလှယ်များ စုစုပေါင်း(၃၀)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းဆင်းပွဲအခမ်းအနားတွင် သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာဖြူဖြူဝင်း၊ SAMRမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် သင်တန်းပို့ချသူ Expert မှ သင်တန်းတက်ရောက်ခဲ့သည့် သင်တန်းသား (၂၆)ဦးအား သင်တန်းဆင်းအောင်လက်မှတ်များ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး အမှတ်တရ ဓာတ်ပုံများ ရိုက်ကူးခဲ့ကြပါသည်။
The Trainers and Lead Auditors Training on ISO/IEC 17065:2012, ISO/IEC 17020:2012, ISO/IEC 17021:2015 Series သင်တန်းကျင်းပခြင်း