သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဉီးစီးဌာနသည် ASEAN-Hong Kong, China Free Trade Agreement(AHKFTA)-ECOTECH Work Programme အရ Training on Conformity Assessment Requirements for bodies certifying products, processes and services(ISO/IEC 17065:2012) for Myanmar သင်တန်းအား ၂၀၂၃ ခုနှစ်၊ ဖေဖေါ်ဝါရီလ(၃)ရက်နေ့မှ (၂၈)ရက်နေ့အထိ virtual mode ဖြင့် ဖွင့်လှစ်သင်ကြားမည်ဖြစ်ပါသည်။ အဆိုပါသင်တန်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ အာဆီယံနှင့် ဟောင်ကောင်(တရုတ်) FTA သဘောတူစာချုပ်၏ STRACAP chapter အား အကောင်အထည်ဖော်ခြင်းဖြင့် အမျိုးသားအဆင့် အရည်အသွေး ထောက်ခံချက်ထုတ်ပေးရေးအဖွဲ့တည်ထောင်ခြင်းနှင့် Lead Auditor နှင့် Trainers များ မွေးထုတ်ပေးရန်ဖြစ်ပါသည်။ အဆိုပါသင်တန်းအား ၂၀၂၃ ခုနှစ်၊ ဖေဖေါ်ဝါရီလ(၃)ရက်နေ့တွင် ဖွင့်လှစ်ခဲ့ရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဉီးစီးဌာန(DRI)မှ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာဖြူဖြူဝင်းနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ caretaker of (AHKFTA)-ECOTECH Work Programme ဖြစ်သူ Mr. Kris Sandhi Soekartawi တို့က အဖွင့်အမှာစကား ပြောကြားခဲ့ကြပြီး အခြားအာဆီယံနိုင်ငံများ၊ ဟောင်ကောင်(တရုတ်)နိုင်ငံနှင့် မြန်မာနိုင်ငံမှ သင်တန်း ကိုယ်စားလှယ်စုစုပေါင်း (၈၀) ဉီးခန့် တက်ရောက်လျှက်ရှိပါသည်။
Training on Conformity Assessment Requirements for bodies certifying products, processes and services(ISO/IEC 17065:2012) for Myanmar