National Accreditation Board for Certification Bodies (NABCB) မှ ကြီးမှူး၍ ” Virtual Quality Conclave – Emerging Scenario in Food Safety & Quality” Webinar ကို ၂၀၂၂ခုနှစ်၊မတ်လ(၈)ရက်နေ့တွင် Microsoft teams Link မှ တစ်ဆင့် ကျင်းပခဲ့ရာ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ အမျိုးသားစံချိန်စံညွှန်းနှင့်အရည်အသွေးဌာနမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး အဆိုပါ (NABCB) ကျွမ်းကျင်ပညာရှင်များမှ အစား အသောက် ဘေးကင်းလုံခြုံစိတ်ချရေးတို့အတွက် ခေတ်မီနည်းပညာများ ထောက်ပံ့ပေးနိုင်ရေး၊ အစားအစာစက်ရုံများတွင် နည်းပညာဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် ပတ်သက်သည့် စိန်ခေါ်မှုများကို ဖြေရှင်းပေးနိုင်ရေး၊ အရေးပေါ်အခြေအနေများတွင် လိုအပ်သည့် GMP နှင့် GHP စနစ်များ ပြုမူဆောင်ရွက်နိုင်ရေး လုပ်ငန်းစဉ်များအပါအဝင် အစားအစာကဏ္ဍအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများမှ အသိအမှတ်ပြုလွှာများရရှိနိုင်ရန်အတွက် နည်းပညာဆိုင်ရာ လုပ်ထုံးလုပ်နည်းများကိုပါ အထောက်အပံ့ပေးနိုင်ရေး အကြောင်းအရာများကိုပါ တက်ရောက် လာသူများနှင့်အတူ ဆွေးနွေးမှုများပြုလုပ်ခဲ့ကြပါသည်။