၂၀၂၂ခုနှစ်၊မေလ(၁၄)ရက်နေ့တွင် ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့သော “Barrier Face Coverings Standards in Support of Public Health” webinar ကို စံချိန်စံညွှန်းဖွံ့ဖြိုးတိုးတက်ရေး ဌာနခွဲ၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန နှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ စုစုပေါင်း(၈)ဦး တက်ရောက် ခဲ့ကြပြီး
အဆိုပါ အစည်းအဝေးတွင် ASTM ကျွမ်းကျင်ပညာရှင်များမှ ASTM F 3502 Specification နှင့် CEN CWA 17553 Guide အပေါ် နှိုင်းယှဉ်လေ့လာပုံ အခြေအနေများ၊ face coverings နှင့် ပတ်သက်သည့် ထုတ်ကုန် ပုံစံအမျိုးမျိုးအခြေအနေများနှင့် NIOSH Filtration စမ်းသပ်စစ်ဆေးသည့် နည်းလမ်းများ အစရှိသည်တို့ကို တက်ရောက်လာသူများအား ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပါသည်။