ASEAN အဖွဲ့ဝင်နိုင်ငံများအတွင်း BCWG များအတွက် ဆောက်လုပ်ရေးကဏ္ဍတွင် စွမ်းအင် သုံးစွဲမှုများ လျော့ချနိုင်စေရန် ရည်ရွယ်ချက်များဖြင့် Standardization of ZEB for BCWG Webinar ကို အွန်လိုင်းစနစ်ဖြင့် ကျင်းပခဲ့ရာ အဆိုပါ Webinar သို့ စံချိန်စံညွှန်းဖွံ့ဖြိုး တိုးတက်ရေးဌာနခွဲ၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်အတူ ရေနံနှင့်သဘာဝဓာတ်ငွေ့စီမံရေးဦးစီးဌာနနှင့်အဆောက်အဦ ဦးစီးဌာနများမှ ကိုယ်စားလှယ် များ အသီးသီးတက်ရောက်ခဲ့ကြပြီး METI, Japan မှ ကျွမ်းကျင်ပညာရှင်များက အာဆီယံနိုင်ငံများအတွင်း ဆောက်လုပ်ရေးကဏ္ဍများ လုပ်ဆောင်ရာ၌ Zero Energy အထိ လျော့ချနိုင်ရေး လုပ်ဆောင်ရန်အတွက် အရေးပါပုံများနှင့် ဆောက်လုပ်ရေးကဏ္ဍများ အတွက် မဖြစ်မနေလိုက်နာကျင့်သုံးရမည့် စံချိန်စံညွှန်းဖြစ်သည့် ISO/TS 23764 အခြေခံသဘောတရား များကို တက်ရောက်လာသူ BCWG အဖွဲ့ဝင်များသို့ ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းတင်ပြ ခဲ့ကြပါသည်။
Standardization of ZEB for BCWG Webinar (28 July 2022)