စံချိန်စံညွှန်းလုပ်ငန်းကော်မတီအစည်းအဝေးကို ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ(၉)ရက် နေ့တွင် စံချိန်စံညွှန်းလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ ကြီးမှူး၍ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ စံချိန်စံညွှန်းရေးဆွဲရေး နည်းပညာဆပ်ကော်မတီများမှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ အဖွဲ့ဝင် များနှင့် ကိုယ်စားလှယ်များ စုစုပေါင်း (၃၀)ဦးမှ တက်ရောက်ခဲ့ကြပြီး အဆိုပါအစည်းအဝေးတွင် အမှန်တကယ်လိုအပ်နေသည့် စံချိန်စံညွှန်းများကို ဦးစားပေးချမှတ်နိုင်ရေးနှင့် လက်တွေ့ အသုံးချနိုင်ရေး၊ စံချိန်စံညွှန်းများတွင် ပါဝင်သော ဖော်ပြချက်များကို သိရှိနားလည်နိုင်ရေး၊ စံချိန်စံညွှန်းလုပ်ငန်းကော်မတီအား ပြန်လည် Update ပြုလုပ်ဖွဲ့စည်းနိုင်ရေး၊ ချမှတ်ခဲ့သည့် မြန်မာစံချိန်စံညွှန်း (၅၈)ခုမှ အသုံးဝင်သော စံချိန်စံညွှန်းတစ်ခုအား အကျဉ်းချုပ် ရေးသားရန် အတွက် ညှိနှိုင်းဆွေးနွေးနိုင်ရေး၊ နည်းပညာဆပ်ကော်မတီအလိုက် UMFCCI ရှိ အသင်းအဖွဲ့များ နှင့် အသိပညာပေးဆွေးနွေးပွဲများ ပြုလုပ်ဆောင်ရွက်နိုင်ရေးများအပြင် မြန်မာစံချိန်စံညွှန်း ရေးဆွဲခြင်း လုပ်ငန်းစဉ်များအပေါ် ကြုံတွေ့နေရသည့် အခက်အခဲများကို ဖလှယ်နိုင်ရေး စသည်တို့ကို ဆွေးနွေးခဲ့ကြပါသည်။
စံချိန်စံညွှန်းလုပ်ငန်းကော်မတီအစည်းအဝေး(၉-၁၂-၂၀၂၂)