“Model Certification Body” တည်ထောင်ရန်အတွက် “မြန်မာနိုင်ငံရှိ ထုတ်ကုန်များ၊ ထုတ်လုပ်မှုနည်း စဉ်များနှင့် ဝန်ဆောင်မှုများကို အသိအမှတ်ပြုသည့် အဖွဲ့အစည်းများအတွက် Conformity Assessment-Requirements ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ” ကို နိုဝင်ဘာလ(၁၅)ရက်နေ့မှ နိုဝင်ဘာလ(၁၆)ရက်နေ့အထိ အစည်းအဝေးခန်းမ၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဉီးစီး ဌာနတွင် ကျင်းပပြုလုပ်ခဲ့ရာ ညွှန်ကြားရေးမှူးချုပ်၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဉီးစီးဌာနမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆွေးနွေးပွဲသို့ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကိုယ်စား လှယ်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ စုစုပေါင်း (၄၀)ဉီးခန့် တက်ရောက်ခဲ့ကြပါသည်။ ဆွေးနွေးပွဲပထမနေ့တွင် ညွှန်ကြားရေးမှူး၊ အမျိုးသားစံချိန် စံညွှန်း နှင့်အရည်အသွေးဌာနမှ အမျိုးသားအရည်အသွေးထောက်ခံချက်ပြုရေးအဖွဲ့ တည်ထောင်ရန် လက်ရှိအခြေအနေများအား တင်ပြဆွေးနွေးခဲ့ပါသည်။ ထို့နောက် ညွှန်ကြားရေးမှူး၊ စံချိန်စံညွှန်းဖွံ့ဖြိုးတိုးတက်ရေးဌာနမှ AHKFTA-ECOTECH Work Programme နှင့် စပ်လျဉ်း၍ အကျဉ်းချုံး ရှင်းလင်းတင်ပြခဲ့ပါသည်။ ၎င်းနောက် သင်တန်းခေါင်းဆောင် Mr. Ong Yeok Siew @ Michael Ong မှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွင် ကျင်းပမည့် သင်တန်းအတွက် သင်တန်းသားများ မည်ကဲ့သို့ရွေးချယ်သင့်သည်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနနင့် စိုက်ပျိုးရေးဉီးစီးဌာနတို့မှ ကိုယ်စားလှယ်အသီးသီးမှ ၎င်းတို့ဌာန၏ ဆောင်ရွက်နေသည့် အခန်းကဏ္ဍများနှင့် တာဝန်များကို အသီးသီး တင်ပြဆွေးနွေးခဲ့ပါသည်။ ထို့နောက် ဆွေးနွေးခဲ့သည့်အကြောင်းအရာများနှင့်ဆက်စပ်၍ မိမိတို့ထင်မြင်ချက်များအား အုပ်စု (၂)စုခွဲ၍ ဆွေးနွေးတင်ပြခဲ့ကြရာ သင်တန်းခေါင်းဆောင်မှ အုပ်စု(၂)စု၏ တင်ပြချက်များအပေါ် အမေးအဖြေများပြုလုပ်ကာ ပထမနေ့ကို ရပ်နားခဲ့ပါသည်။ ဆွေးနွေးပွဲ ဒုတိယနေ့တွင် ညွှန်ကြားရေးမှူး၊ စံချိန်စံညွှန်းဖွံ့ဖြိုးတိုးတက်ရေးဌာနမှ ယခင်နေ့က ဆွေးနွေးခဲ့သော AHKFTA-ECOTECH Work Programme နှင့် စပ်လျဉ်း၍ သင်တန်းသားများရွေးချယ်ခြင်း၊ regulators, businesses, PEs and consumers တို့၏ အခန်းကဏ္ဍများနှင့် တာဝန်များအား တင်ပြဆွေးနွေးခဲ့ပါသည်။ ထို့နောက် သင်တန်းခေါင်းဆောင် Mr. Ong Yeok Siew @ Michael Ong မှ အာဆီယံ အရည်အသွေးထောက်ခံချက်ထုတ်ပေးရေးအဖွဲ့နှင့် စပ်လျဉ်းသည်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။ ၎င်းနောက် ညွှန်ကြားရေးမှူး၊ အမျိုးသားစံချိန်စံညွှန်းနှင့် အရည်အသွေးဌာနမှ အမျိုးသားစံချိန်စံညွှန်းနှင့် အရည်အသွေးဆိုင်ရာအခြေခံ အဆောက်အအုံ အကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် FDA နှင့် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဌာနတို့မှ ၎င်းတို့ဌာန၏ ဆောင်ရွက်နေသည့် အခန်းကဏ္ဍများနှင့် တာဝန်များကို အသီးသီး တင်ပြဆွေးနွေးခဲ့ပါသည်။ ၎င်းနောက် အုပ်စု(၂)ခုတို့မှ regulators, PEs, Businesses and Consumers ကူညီရန် အရည်အသွေးထောက်ခံချက်ပြုရေးအဖွဲ့များ၏ အခန်းကဏ္ဍများ အား ဆွေးနွေးတင်ပြခဲ့ကြပါသည်။ ၎င်းနောက် သင်တန်းခေါင်းဆောင် Mr. Ong Yeok Siew @ Michael Ong မှ ရှေ့လုပ်ငန်းအစီအစည်များအား အပိတ်အမှာစကားပြောကြားကာ ဆွေးနွေးပွဲကို ရပ်နားခဲ့ပါသည်။
Workshop on Conformity Assessment-Requirements for bodies certifying products, processes and services (ISOIEC 17065:2012) for Myanmar (15-16 November 2022)