အမျိုးသားအဆင့်အရည်အသွေးဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ PTBမှ Expert ဖြစ်သူ Mr. Andreas Wernerသည် သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ အမျိုးသားစံချိန်စံညွှန်းနှင့်အရည်အသွေးဌာန လက်အောက်ရှိ(စံချိန်စံညွှန်းဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲ၊ မြန်မာအသိအမှတ်ပြုဌာနခွဲနှင့်တိကျတိုင်းတာမှု နည်းပညာသိပ္ပံ(မြန်မာ)) တို့မှဝန်ထမ်းများနှင့် အရည်အသွေးမူဝါဒ၊ အရည်အသွေးစီမံခန့်ခွဲမှု၊ quality toolsများကို အသုံးပြုခြင်းဖြင့် ထုတ်ကုန်နှင့်ဝန်ဆောင်မှုလုပ်ငန်းများ တိုးတက်စေရန်အတွက် အပြန်အလှန်ဆွေးနွေးသည့် အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို ၂၀၂၀ပြည့်နှစ်၊နိုဝင်ဘာလ ၃ရက်နေ့နှင့် ၄ရက်နေ့များတွင် Virtual Video Conferencing System ဖြင့် ပြုလုပ်ကျင်းပခဲ့ပါသည်။

