ကမ္ဘာ့အသိအမှတ်ပြုနေ့အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၁)ရက်နေ့တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာန၊သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ အစည်းအဝေးခန်းမ၊ ရန်ကုန်မြို့၌ တတိယအကြိမ် မြောက်အဖြစ် ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားတွင် သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ အမျိုးသား စံချိန်စံညွှန်းကောင်စီဝင်များ၊ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်ပါမောက္ခချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှ ကိုယ်စားလှယ်များ၊ UMFCCIမှ ကိုယ်စားလှယ်များ၊ Myanmar Food Laboratory Network (MFLN) မှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်မှ ကိုယ်စားလှယ်များနှင့် အရည်အသွေးကိုက်ညီမှုစစ်ဆေးရေးဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ အသီးသီး စုစုပေါင်း (၉၀)ကျော်ခန့် ပါဝင်တက်ရောက်ခဲ့ကြပါသည်။
အဆိုပါ ကမ္ဘာ့အသိအမှတ်ပြုနေ့အခမ်းအနား (World Accreditation Day 2024) ကို သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ တာ၀န်ယူဆောင်ရွက်နေသည့်အမျိုးသားအရည် အသွေးအခြေခံအဆောက်အအုံ (National Quality Infrastructure) ၏ မဏ္ဍိုင်တစ်ခုဖြစ်သော အသိအမှတ်ပြုခြင်း (Accreditation) ကဏ္ဍအား နိုင်ငံတကာအသိအမှတ်ပြုလုပ်ငန်းစဉ်များနှင့်အညီ ဖွံ့ဖြိုးတိုးတက်စေရေး၊ မြန်မာနိုင်ငံရှိ အရည်အသွေးကိုက်ညီမှုစစ်ဆေးရေးအဖွဲ့များအား အသိအမှတ်ပြု လွှာရရှိသည့် အရည်အသွေးကိုက်ညီမှုစစ်ဆေးသောအဖွဲ့များအဖြစ်သို့ စွမ်းဆောင်ရည်မြှင့်တင်နိုင်စေရန် အသိပညာဖြန့်ဝေနိုင်ရေး၊ အသိအမှတ်ပြု၀န်ဆောင်မှုများ ရယူရာတွင် လျှောက်ထားရမည့် နည်းလမ်းများ နှင့်လိုအပ်ချက်များ စသည်တို့အား အသိပညာပေးနိုင်ရေးနှင့် မြန်မာနိုင်ငံရှိ Regulators များအား အရည်အသွေးကိုက်ညီမှုစစ်ဆေးရေးဆိုင်ရာလုပ်ငန်းစဉ်များမြှင့်တင်နိုင်ခြင်းဖြင့် အမျိုးသားအရည်အသွေး အခြေခံအဆောက်အအုံမြှင့်တင်နိုင်စေရေးစသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ခြင်း ဖြစ်ပါသည်။
သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ၊ဒေါက်တာဖြူဖြူဝင်းမှ အဖွင့်အမှာစကား ပြောကြားနေစဉ်
ကမ္ဘာ့အသိအမှတ်ပြုနေ့ (၂၀၂၄)အထိမ်းအမှတ်ပိုစတာ
အာရှ-ပစိဖိတ်အသိအမှတ်ပြုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၊ ဥက္ကဌမှ ကမ္ဘာ့အသိအမှတ်ပြုနေ့ (၂၀၂၄)အတွက် နှုတ်ခွန်းဆက်အမှာစကားပြောကြားသည့် ဗီဒီယိုအားပြသစဉ်
သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ အမျိုးသားစံချိန်စံညွှန်းနှင့်အရည်အသွေးဌာန၊ ညွှန်ကြားရေးမှူး၊ ဒေါက်တာကျော်စိုးလွင်မှ ရှင်းလင်းပြောကြားစဉ်
သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ အသိအမှတ်ပြုဌာနခွဲ၊ ညွှန်ကြားရေးမှူး၊ ဒေါက်တာစိုးစိုးခိုင်မှ ရှင်းလင်းပြောကြားစဉ်
စိုက်ပျိုးရေးဉီးစီးဌာန၊ သီးနှံထွက်ကုန်များစစ်ဆေးရေးဓာတ်ခွဲခန်းမှ ဒုတိယညွှန်ကြားရေးမှူး၊ ဒေါက်တာခင်မိုးကျော်မှ ရှင်းလင်းပြောကြားစဉ်
ကမ္ဘာ့အသိအမှတ်ပြုနေ့အခမ်းအနားအခမ်းအနားသို့တက်ရောက်လာသူများစုပေါင်းမှတ်တမ်းဓါတ်ပုံ